မင်းသမီးချောလေးရွှေကစ်ကတော့ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးထိပ်တန်မင်းသမီးချောလေးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်တဲ့ သူမကတော့ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးကြိုးစားသရုပ်ဆောင်လျက်ရှိနေသူလေးပဲ ဖြစ်ပြီး အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်တဲ့ မင်းသမီးချောလေးတစ်လက်ပဲ ဖြစ်ပါတယ်။

photo credit: Wutt Hmone Shwe Yi 's facebook page
photo credit: Wutt Hmone Shwe Yi 's facebook page

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ ယနေ့အချိန်ထိ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ကျရာနေရာကနေ အပီပြင်ဆုံးသရုပ်ဆောင်နေတဲ့ မင်းသမီးချောလေးတစ်လက်ပဲ ဖြစ်ပါတယ်။ သူမကတော့ အနေအထိုင်အေးဆေးပြီး စကားပြောချစ်စရာကောင်းတာကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit: Wutt Hmone Shwe Yi 's facebook page
photo credit: Wutt Hmone Shwe Yi 's facebook page

သူမကတော့ ယခုမှာ မြန်မာဆန်ဆန်လေး လှပနေတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်တွေရဲ့ ရှေ့ကို ချပြလာခဲ့တာပဲ ဖြစ်ပါတယ်။ သူမကတော့ " ကျွန်မချစ်တဲ့သူတွေနဲ့ကျွန်မကို ချစ်တဲ့သူတွေကိုအချိန်ပေးနေရတာနဲ့တင် လုံလောက်နေပါပြီ " ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ရွှေကစ်ရဲ့ မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိလှပနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source : Wutt Hmone Shwe Yi 's facebook page

photo credit: Wutt Hmone Shwe Yi 's facebook page
photo credit: Wutt Hmone Shwe Yi 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။