ပရိသတ်ကြီးရေ မင်းသမီးချော အကယ်ဒမီသက်မွန်မြင့်ကတော့ တိုင်းရင်းသူလေးလည်းဖြစ်လို့ အရမ်းပဲချစ်စရာကောင်းပြီး ချစ်မွှေးပါတဲ့သူလေးပဲဖြစ်ပါတယ်။သက်မွန်မြင့်က အနုပညာအလုပ်တွေကို တစ်ခေတ်ကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိခဲ့တာဖြစ်ပါတယ်နော်။ပရိသတ်တွေကတော့ သူမကို ချစ်သက် လို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်အားပေးကြတာဖြစ်ပါတယ်။

Photo Credit:Thet Mon Myint's Facebook Page
Photo Credit:Thet Mon Myint's Facebook Page
Photo Credit:Thet Mon Myint's Facebook Page

သက်မွန်မြင့်က သားတစ်ယောက်၊သမီးတစ်ယောက်ကိုမွေးဖွားထားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားပါတယ်။ချစ်သက်ရဲ့ခင်ပွန်းကလည်း မိသားစုအပေါ်လိုလေသေးမရှိအောင် ဂရုစိုက်စောင့်ရှောက်ပေးပြီး ပျော်ရွှင်အောင်ထားပေးတဲ့ အိမ်ထောင်ဦးစီးပါနော်။လက်ရှိမှာလည်း သက်မွန်မြင့်က အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး မိသားစုကိုလည်းအချိန်ပေးဂရုစိုပါတယ်။

Photo Credit:Thet Mon Myint's Facebook Page
Photo Credit:Thet Mon Myint's Facebook Page

သက်မွန်ရဲ့ သားနဲ့ သမီးလေးကလည်း အရမ်းပဲချစ်စရာကောင်းကြပြီး အရမ်းတတ်လွန်းတဲ့ကလေးတွေဖြစ်ကြပါတယ်။အခုဆိုရင်လည်း သက်မွန်ရဲ့သမီးငယ်လေး လဝန်းက မေမေ့ကို ပုံပြင်ဖတ်ပြခိုင်းပြီး သူကိုယ်တိုင်ပဲ စာအုပ်လေးကြည့်ကာ သေသေချာချာ ပုံပြင်ပြောနေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို မေမေသက်မွန်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ချစ်ပရိသတ်ကြီးအတွက် တင်ပေးလာတာဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Thet Mon Myint's Facebook Page
Photo Credit:Thet Mon Myint's Facebook Page
Photo Credit:Thet Mon Myint's Facebook Page

Source&Photo Credit:Thet Mon Myint's Facebook Page

Video Credit:Thet Mon Myint's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။