ယခုလက်ရှိအချိန်မှာဆိုရင် Mobile လောကမှာ Mobile Legends ကနေရာယူထားတာဖြစ်ပါတယ်။ ဒါပေမယ့်လဲ သူနဲ့အတူ ပြိုင်ဆိုင်နိုင်လာမယ့် ဂိမ်းကတော့ League Of Legends : Wild Rift ပဲဖြစ်ပါတယ်။ သို့သော် Asia မှာဆိုရင် Mobile Legends ကနေရာတော်တော်လေးကို ယူထားနိုင်တဲ့ ဂိမ်းတစ်ခုပဲဖြစ်သလို LOL ဆိုတာကလဲ eSports လောကမှာ အောင်မြင်မှုကြီး ကိုပိုင်ဆိုင်ထားတဲ့ ဂိမ်းပါ။ ဒါကြောင့်ပဲ လူတော်တော်များများဟာ LOL ရဲ့ Mobile Version ဖြစ်တဲ့ LOL : WR ကိုစောင့်ကြည့်နေကြပါတယ်။ လောလောဆယ်မှာတော့ ဂိမ်းဟာ Alpha Test ပြီးဆုံသွားပြီဖြစ်ပါတယ်။ မထွက်ခင်မှာတော့ ဂိမ်းရဲ့ Champion နဲ့ Role ကိုတော့ သိသင့်တယ်မလား။ LOL : WR မှာ Champion အယောက် ၄၀ ပါပြီး Role 5 ခုပါကာ အဲ့ထဲက Top Role ကိုအောက်မှာဖော်ပြလိုက်ပါတယ်။ 

TOP

Top ဆိုတာဟာ Mobile Legends မှာဆိုရင် Offlaner သွားကြတဲ့ လမ်းပဲဖြစ်ပါတယ်။ LOL : WR မှာဆိုရင်တော့ အများအားဖြင့် Fighter လို Champion တွေ Tank လို Champion တွေ စတဲ့ အမာကောင်တွေ သွားကြလေ့ရှိပါတယ်။ Top ကို သူတို့တစ်ယောက်ထဲပဲ သွားကြတာပါ။ အဲ့လိုအချိန်မှာ Jungle Champion တွေက လမ်းပတ်ရင်း Top ကိုသွားပြီး Kill တွေဘာတွေ ယူရင်ယူသလိုရပါတယ်။ Late Game ရောက်လာတဲ့အခါကျရင် Top သွားတဲ့ Champion တွေက Battle ဖြစ်တဲ့အခါ ရှေ့ကနေ ဝင်ကြပေးရပါတယ်။ TOP Champion တွေက မာတာတင်မဟုတ်ပဲ Damage ကလဲ ထွက်သင့်သလောက်ထွက်တာမို့ Kill မရမှာကို စိတ်မပူပါနဲ့။ Top Champion တွေကတော့ Garen, Fiora, Camille, Nasus, Jax, Malphite, Tryndamere, Teemo နဲ့ Dr. Mundo တို့ပဲဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Atomic

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။