ပရိသတ်အချစ်တော် အနုပညာရှင်တွေထဲမှာတော့ ရုပ်သံဇာတ်လမ်းတွဲလေးတွေနဲ့ အောင်မြင်လာခဲ့တဲ့ ကျော်ထက်ဇော်၊စိုပြေမြင့်၊ နန်းစန္ဒာလှထွန်း၊ ခေးဆက်သွင်နဲ့ သွန်းသစ္စာဇော်တို့ကလည်း အပါအဝင် ဖြစ်ကြပါတယ်။ ဇာတ်လမ်းတွဲတွေ အတူတူရိုက်ကူးရင်း အောင်မြင်လာခဲ့တဲ့ သူတို့သူငယ်ချင်းတစ်စုက အပြင်မှာလည်း တကယ့်မောင်နှမတွေလို တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးနေကြတာ ဖြစ်ပါတယ်။

Photo Credit-So Pyay Myint's FB Acc
Photo Credit-So Pyay Myint's FB Acc
Photo Credit-"S & T Friendzone" FB Page

ပျော်ပျော်နေတတ်တဲ့ သူတို့အဖွဲ့ထဲမှာတော့ စိုပြေမြင့်နဲ့ သွန်းသစ္စာဇော်တို့က ဟာသဗီဒီယိုလေးတွေရိုက်ကူးပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ မနေ့ကတော့ သွန်းသစ္စာဇော်ရဲ့မွေးနေ့လေးဖြစ်တာကြောင့် သူငယ်ချင်းတွေအားလုံးစုပေါင်းပြီး အမှတ်တရမွေးနေ့ပွဲလေးတစ်ခုကို ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲလေးကို စည်သူဝင်း၊ ဘုန်းဆက်သွင်၊ ကျော်ထက်ဇော်၊ စိုပြေမြင့်၊ နန်းစန္ဒာလှထွန်း၊ ခေးဆက်သွင်တို့ကလည်း တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit-So Pyay Myint's FB Acc
Photo Credit-So Pyay Myint's FB Acc
Photo Credit-So Pyay Myint's FB Acc
Photo Credit-So Pyay Myint's FB Acc

မွေးနေ့မှာပွဲမှာ ကျော်ထက်ဇော်ကတော့ သွန်းသစ္စာဇော်ကို ပိုက်ဆံတွေနဲ့ Surprise လုပ်ခဲ့တာကြောင့် မွေးနေ့ရှင်တစ်ယောက် ဝမ်းသာမျက်ရည်ကျပြီး ပျော်ရွှင်ခဲ့တာလည်း ဖြစ်ပါတယ်။ စိုပြေမြင့်တို့သူငယ်ချင်းတစ်စုကတော့ ချစ်သူငယ်ချင်းရဲ့မွေးနေ့ပွဲမှာ စားကြသောက်ကြရင်း ပျော်ပျော်ပါးပါးကခုန်နေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စိုပြေမြင့်တို့အနုပညာရှင်တစ်စုရဲ့ပျော်ရွှင်စရာကောင်းတဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-"S & T Friendzone" FB Page

Photo Credit-"S & T Friendzone" FB Page
Photo Credit-"S & T Friendzone" FB Page
Photo Credit-"S & T Friendzone" FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။