အနုပညာလောကရဲ့နယ်ပယ်အသီးသီးမှာ ကိုယ်စီအောင်မြင်မှုတွေရရှိနေကြတဲ့ နေတိုး၊ကျော်ကျော်ဗိုလ်၊မင်းမော်ကွန်း၊ထွန်းထွန်းနဲ့ရဲလေးတို့ သူငယ်ချင်းငါးယောက်ကတော့ အနုပညာအလုပ်တွေအတူတူတွဲလုပ်ရင်း ခင်မင်ရင်းနှီးနေကြတာဖြစ်ပါတယ်။ကျော်ကျော်ဗိုလ်တို့ငါးယောက်ရဲ့ နှင်းဆီအငြိမ့်တွေကိုလည်း ပရိသတ်တွေက ဝက်ဝက်ကွဲအားပေးကြပြီး လူရွှင်တော်အစစ်မဟုတ်ကြပေမယ့် သူတို့ရဲ့ပြက်လုံးလေးတွေက ပရိသတ်တွေရဲ့ဘဝအမောတွေကို ခေတ္တပြေပျောက်သွားစေပါတယ်နော်။

Photo Credit:Kyaw Kyaw Bos' Facebook Acc
Photo Credit:Kyaw Kyaw Bos' Facebook Acc
Photo Credit:Kyaw Kyaw Bos' Facebook Acc

လက်ရှိမှာလည်း ကျော်ကျော်ဗိုလ်တို့ငါးယောက်လုံးက အဆက်အသွယ်မပြတ်ရှိကြပြီး အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။နေတိုး၊ကျော်ကျော်ဗိုလ်၊မင်းမော်ကွန်း၊ထွန်းထွန်းနဲ့ရဲလေးတို့က နှုတ်ခမ်းနီမလေးတွေဝန်းရံအားပေးနေရတဲ့ မင်းသားချောတွေဖြစ်ကြပြီး အသက်တွေကြီးလာကြပေမယ့် ချောမောခန့်ညားမှုတွေကတော့ မပြောင်းလဲသွားပါဘူးနော်။သူတို့ငါးယောက်လုံးက ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်။

Photo Credit:Kyaw Kyaw Bos' Facebook Acc/Sniper of Photography
Photo Credit:Kyaw Kyaw Bos' Facebook Acc/Sniper of Photography

အခုဆိုရင်တော့ ကျော်ကျော်ဗိုလ်က Face App အသုံးပြုပြီး သူတို့ငါးယောက်ရဲ့ပုံကို မိန်းကလေးပုံစံပြောင်းလဲထားတာဖြစ်ပါတယ်။ငါးယောက်လုံးက ဆံပင်ရှည်ရှည်လေးတွေနဲ့ မှုံနေအောင်လှကြပြီး တကယ့်မိန်းကလေးတွေလို့တောင်ထင်ရပါတယ်နော်။နဂိုကတည်းက ချောမောခန့်ညားတဲ့သူတွေဆိုတော့ ဘယ်လိုပုံစံလေးနဲ့ဖြစ်ဖြစ်အရမ်းချောနေကြပြီး အခုဆိုရင်လည်း မိန်းကလေးတွေလိုလှနေကြတဲ့ ကျော်ကျော်ဗိုလ်တို့ငါးယောက်ရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Kyaw Kyaw Bos' Facebook Acc/Sniper of Photography
Photo Credit:Kyaw Kyaw Bos' Facebook Acc/Sniper of Photography
Photo Credit:Kyaw Kyaw Bos' Facebook Acc/Sniper of Photography

Source&Photo Credit:Kyaw Kyaw Bos' Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။