ပရိသတ်ကြီးရေ မင်းသမီးချောလေး ဆောင်းယွန်းစံက အနုပညာလောကမှာ အချိန်အတိုတွင်း နေရာတစ်နေရာကို ရပ်တည်လာနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ သူမကတော့ အနုပညာလောကထဲက အကယ်ဒမီ ရွှေကြိုကနေ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ယခုမှာဆိုရင်တော့ ကြော်ငြာတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် ရင်ခုန်စရာကောင်းလောက်တဲ့ အပြုံးလေးတွေ အပြင် ဆွဲဆောင်မှုရှိတဲ့ အမူရာလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတာဖြစ်ပါတယ်။

Photo Credit - Saung Yoon San
Photo Credit - Saung Yoon San

ဆောင်းယွန်းစံလေးကတော့ ဝတ်စားဆင်ယဉ်မှုတွေမှာလည်း ခေတ်ပေါ်ဖက်ရှင်ဝတ်စုံလေးတွေထပ် မြန်မာဆန်ဆန် ဖက်ရှင်ဝတ်စုံလေးနဲ့ ပိုပြီး ဝတ်ဆင်တက်တာကိုတွေ့ ရပါတယ်။ ဒါ့အပြင် ဆောင်ယွန်းစံ ဟာဆိုရင် စိတ်သဘောထား ပြည့်ဝတဲ့အပြင် အလှူအတန်းတွေမှာလည်း တက်နိုင်သလောက်ပါဝင် လှူဒါန်းပေးတာတွေလည်း တွေ့ရပါတယ်။ ယခုမှာဆိုရင်တော့ မင်းသမီးချောလေး ဆောင်းယွန်းစံ က မွေးနေ့အတွက် ဇူလိုင်က (၂) ရက်နေ့လေးမှာ ဘားအံမြို့က ဘိုးဘွားရိပ်သာမှာရှိတဲ့ အဘိုးအဘွားတွေကို မွန်မြတ်လှတဲ့ ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့တဲ့ အလှူပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလာခဲ့ပါတယ်။

Photo Credit - Saung Yoon San
Photo Credit - Saung Yoon San

ဒီပုံလေးတွေနဲလည်း အချစ်တော်လေး ဆောင်းယွန်းစံ က " ဘားအံမြို့က ဘိုးဘွားရိပ်သာမှာ အဘိုး အဘွားတို့အတွက် တကိုယ်ရေလိုအပ်တဲ့ ပစ္စည်းလေးတွေနဲ့ အလှူငွေ လှူဒါန်းဖစ်ခဲ့တယ်..ဆောင်းလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမူ့ကို အားလုံးကို အမျှပေးပါတယ်...ဤသို့လှူဒါန်းရသောအကျိုးကြောင့် ဒီနေ့မွေးနေ့မှာ ကျရောက်တဲ့ ဆောင်းအကိုရော ပါဝင်ကူညီကျတဲ့ သူအားလုံးရော အဘိုးအဘွားတွေရော သက်ရှိသက်မဲ့ သတ္တဝါအားလုံး ကျန်းမာချမ်းသာလိုတိုင်းတရပါစေ..သက်ရှည်ကျန်းမာပါစေ " ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ မွေးနေ့လေးမှာ တကယ့်ကို မွန်မြတ်လှတဲ့ ကုသိုလ်ကောင်းမှုလေး ပြုလုပ်ခဲ့တဲ့ အချစ်တော်လေး ဆောင်းယွန်းစံ ကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်..။

Photo Credit - Saung Yoon San
Photo Credit - Saung Yoon San

Photo Credit - Saung Yoon San

Source -Saung Yoon San's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။