ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့တခဲနက် အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အသည်းကျော်တွေထဲမှာ မော်လ်ဒယ် အလှမယ် ဟန်တီကတော့ ချစ်စရာကောင်းသူလေးပဲ ဖြစ်ပါတယ်နော်..။

ချစ်စရာကောင်းတဲ့ အပြုံးလှလှလေးတွေနဲ့ ပရိသတ်တွေကို အမြဲအချစ်ပိုစေသလို ကိုယ်ပိုင်အရည်အချင်းတွေကြောင့်လည်း အောင်မြင်တဲ့ အနုပညာရှင်အဖြစ် လျှောက်လှမ်းရပ်တည်နေသူလေးလည်း ဖြစ်ပါတယ်နော်..။


Photo Credit - Han Thi's Fb Account & MY STUDIO
Photo Credit - Han Thi's Fb Account

ပရိသတအချစ်တော်လေး ဟန်တီကတော့ အသက်(၂၀)လောက်ကတည်းက မိခင်ဖြစ်သူက သူမကို အိမ်ထောင်ပြုပေးဖို့ စီစဉ်နေပြီး သူမအနေနဲ့ အိမ်ထောင်မပြုချင်သေးလို့ အချိန်ဆွဲထားတဲ့ အကြောင်းလေးကို ပြောပြလာပါတယ်နော်..။

မိခင်ဖြစ်သူက အိမ်ထောင်ပြုစေချင်နေပြီဖြစ်ပေမယ့် သူမအနေနဲ့ကတော့ “ကိုယ်ချစ်ရတဲ့လက်တွဲဖော် ကိုယ့်အပေါ်ကို အများကြီးဂရုစိုက်ပြီးတော့ ကိုယ်နဲ့သင့်တော်တဲ့ လက်တွဲဖော်ကို အခုထိ မတွေ့သေးလို့ပေါ့နော် ပြောလို့ရပါတယ် အဲ့လိုပဲ ချေပထားပါတယ် (၂၃)နှစ်မှာတော့ ထူးခြားဖို့အစီအစဉ်လုံးဝမရှိသေးပါဘူး..” ဆိုပြီးတော့လည်း ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Han Thi's Fb Account
Photo Credit - Han Thi's Fb Account

အချစ်တော်လေး ဟန်တီကတော့ သူမရဲ့မွေးနေ့လေးမှာ ပရိသတ်တွေကို လက်ောဆင်တွေပေးပြီး Live လွှင့်ပြီး ပရိသတ်တွေနဲ့ တတ်နိုင်သလောက် စကားတွေပြောရင်း ပျော်ပျော်ပါးပါးဖြတ်သန်းမယ့် မွေးနေ့မှာ ပြုလုပ်မယ့် မွေးနေ့အစီအစဉ်လေး အကြောင်းလေးကိုလည်း ပြောပြထားပါသေးတယ်နော်..။

အိမ်ထောင်ပြုခိုင်းနေတဲ့အကြောင်းလေးနဲ့ မွေးနေ့အစီအစဉ်လေးအကြောင်း ပြောပြထားတဲ့ ချစ်စရာကောင်းလွန်းတဲ့ အသည်းကျော်လေး ဟန်တီရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်.။

Photo Credit - Han Thi's Fb Account
Photo Credit - Han Thi's Fb Account

Photo Credit - Han Thi's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။