မင်းသမီးချောလေး ရွှေမှုံရတီကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာလောကမှာ ကြီးမားတဲ့အောင်မြင်မှုတွေကို ဆွတ်ခူးရရှိနေသူလေးပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ မနားတမ်းရိုက်ကူးနေရတဲ့ ရွှေမှုံရတီက သရုပ်ဆောင်ပိုင်းမှာလည်း အကယ်ဒမီမှန်းရလောက်အောင် ထူးချွန်သူလေးတစ်ယောက်ပါ။ ရွှေမှုံက အဆိုတော်၊သရုပ်ဆောင် ရွှေထူးနဲ့ ထိမ်းမြားလက်ထပ်ပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ဘဝလေးကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Htoo Khant's FB Acc
Photo Credit-Htoo Khant's FB Acc
Photo Credit-Htoo Khant's FB Acc

ရွှေမှုံရတီက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း ချစ်ခင်ပွန်းနဲ့အတူ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရွှေမှုံရတီက ကြော်ငြာနဲ့ Photo Shooting လေးတွေ အများဆုံးလက်ခံရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ အခုလည်း ရွှေထူးက ချစ်ဇနီးချောလေး ရွှေမှုံရတီနဲ့ ရိုက်ကွင်းကိုအတူတူသွားရင်း ကြည်ကြည်နူးနူး ပျော်ရွှင်နေတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးထားတာ ဖြစ်ပါတယ်။

Photo Credit-Htoo Khant's FB Acc
Photo Credit-Htoo Khant's FB Acc
Photo Credit-Htoo Khant's FB Acc

ဒီဗီဒီယိုလေးမှာ ရွှေမှုံရတီက ချစ်ခင်ပွန်းနဲ့အတူ သီချင်းတွေသီဆိုရင်း အရမ်းကိုပျော်ရွှင်နေတာလည်း ဖြစ်ပါတယ်။ မိတ်ကပ်မပါတဲ့မျက်နှာလေးနဲ့တောင် သဘာဝအတိုင်းလှနေတဲ့ ရွှေမှုံကတော့ ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းလို့နေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သီချင်းတွေပျော်ပျော်ပါးပါးသီဆိုရင်း ရှုတင်ကို အတူတူသွားနေကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Htoo Khant's FB Story 

Photo Credit-Htoo Khant's FB Acc
Photo Credit-Htoo Khant's FB Story

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။