မင်းသမီးချောလေးမေမြင့်မိုရ်ကတော့ MRTV 4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပါဝင်သရုပ်ဆောင်နိုင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးချောလေးတစ်လက်ပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ် ရပ်တည်ထားနိုင်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောာင်နေပြီဖြစ်တဲ့ သူမကတော့ ဇာတ်လမ်းတွဲတွေကိုလည်း ဆက်လက်လုပ်ကိုင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit : May Myint Mo 's facebook acc
photo credit : May Myint Mo 's facebook acc

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေပြီး ကြော်ငြာတွေကို ရိုက်ကူးလျက်ရှိနေခဲ့တဲ့ သူမကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အနေအေးပြီး ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုခဲ့ရတဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိတဲ့ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။

photo credit : May Myint Mo 's facebook acc
photo credit : May Myint Mo 's facebook acc

ယခုမှာ ချစ်စရာကောင်းတဲ့ ကလေးလေးတွေနဲ့အတူ ရိုက်ကွင်းထက်မှာ ပျော်ရွှင်ရယ်မောနေခဲ့ကြတဲ့ ထူးအောင်နဲ့ မေမြင့်မိုရ်တို့ရဲ့ ပုံရိပ်လေးကို ပရိသတ်တွေရဲ့ ရှေ့ကို ချပြလာခဲ့ပါတယ်။ မေမြင့်မိုရ်ကတော့ " Biogesic ကြော်ငြာနောက်ကွယ်က မိသားစုလေးတစ်ခု " ဆိုပြီး ရိုက်ကူးထက်က ပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးမေမြင့်မိုရဲ့ ရိုက်ကွင်းထက်မှာ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

source: May Myint Mo 's facebook acc

photo credit : May Myint Mo 's facebook acc
photo credit : May Myint Mo 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။