ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ ဇာတ်ပို့သရုပ်ဆောင်တွေနဲ့ ဟာသလူရွှင်တော်တွေကလည်း ပရိသတ်တွေ တခဲနက်အားပေးမှုတွေကို ရရှိထားကြပါတယ်နော်..။

ရယ်စရာဟာသလေးတွေနဲ့ မရိုးနိုင်အောင် ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေတဲ့ ဇာတ်ပို့သရုပ်ောဆင် ဟာသလူရွှင်တော်ဖြစ်တဲ့ အကယ်ဒမီဦးမိုးဒီကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက ပရိသတ်တွေ ချစ်ခင်အားပေးနေကြရသူပဲ ဖြစ်ပါတယ်နော်..။


Photo Credit - AK Thar Gyi fb
Photo Credit - AK Thar Gyi fb

သရုပ်ဆောင်ဦးမိုးဒီကတော့ လတ်တလောမှာ အသက်အရွယ်အရ အနုပညာအလုပ်တွေ နည်းပါးသွားပေမယ့်လည်း ပရိသတ်တွေကတော့ ချစ်ခင်အားပေးနေကြသလို Corona သီချင်းလေးနဲ့ Tik Tok ဆော့ကစားထားတာကိုလည်း ပရိသတ်တွေက သဘောကျနေကြပါတယ်နော်..။

Corona သီချင်းလေးနဲ့ သရုပ်ဆောင်ပြီး Tik Tok ဆော့ကစားထားတဲ့ အကြောင်းလေးကိုလည်း ဦးမိုးဒီက ပြောပြထားပြီး နောက်ထက်ကြုံကြိုက်တဲ့ အခါတွေမှာလည်း Tik Tok ဆော့ကစားမယ့် အကြောင်းလေးကိုလည်း ပြောပြထားပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload

Corona သီချင်းနဲ့ Tik Tok ဆော့ဖြစ်တာက ကူညီချင်တဲ့စိတ်ကလေး လုပ်တတ်သလောက်လေး လုပ်ထားတာဖြစ်ပြီး ကလေးတွေလုပ်တာမြင်တော့ တစ်တပ်တစ်အားဝင်ပါကြည့်တာဖြစ်သလို့ စိတ်ဝင်စားလို့ ကြည့်တဲ့လူရှိတော့လည်း သိသွားအောင်လို့ သီချင်းလေးလည်း သဘောကျလို့ သရုပ်ဆောင်ပြီးလုပ်ကြည့်တာပါဆိုပြီးတော့ Tik Tok ဆော့ဖြစ်တဲ့ အကြောင်းလေးကို ဦးမိုးဒီက ပြောပြထားတာပါ..။

ဒီရောဂါကြီးမှာ တစ်တပ်တစ်အားလုပ်ပေးချင်လို့ လုပ်လိုက်တာဖြစ်ပြီး နောက်ထပ်ကြုံကြိုက်လာရင်တော့ လုပ်လို့ရတဲ့ဟာဆို Tik Tok ဆော့တာကို လုပ်လိုက်ဦးမှာဖြစ်တဲ့အကြောင်းလေး ပြောပြထားတဲ့ ဦးမိုးဒီရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload

Photo Credit -

AK Thar Gyi fb


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။