ပရိသတ်ကြီးရေ ဆုပန်ထွာရဲ့ချစ်ခင်ပွန်း ကိုဥက္ကာကျော်ကတော့ အောင်ဆန်းရုပ်ရှင်အတွက် ဂဠုန်ဦးစောအဖြစ်ပါဝင်သရုပ်ဆောင်ဖို့ လျှောက်လွှာတင်ထားတာဖြစ်ပါတယ်။ကိုဥက္ကာကျော်ရဲ့ အရပ်၊အမောင်း၊ရုပ်ရည်သွင်ပြင်ကလည်း ဂဠုန်ဦးစောနဲ့ဆင်ပြီး အမှတ်တမဲ့ကြည့်ရင် အရမ်းတူပါတယ်နော်။ကိုဥက္ကာကျော်ကတော့ အောင်ဆန်းရုပ်ရှင် အတွက် မေတ္တာဖြင့်ပါဝင်သရုပ်ဆောင်ပေးမှာဖြစ်ပြီး အခုဆိုရင်တော့ ပထမအဆင့်အနေနဲ့ ရွေးချယ်ခံလိုက်ရပြီဖြစ်ပါတယ်။

Photo Credit:Okkar Kyaw's Facebook Account
Photo Credit:Okkar Kyaw's Facebook Account
Photo Credit:Okkar Kyaw's Facebook Account

"ဂဠုန်ဦးစောအဖြစ် သရုပ်ဆောင်ရန် ရွေးချယ်ခြင်း"အောင်ဆန်း" ရုပ်ရှင်တွင် ဂဠုန်ဦးစောအဖြစ်ပါဝင်သရုပ်ဆောင်ရန် ၂၀၂၀ ခုနှစ် ဇွန်လ (၅) ရက်နေ့တွင်ကြေငြာခေါ်ယူခဲ့ရာ Message Box မှသော်လည်းကောင်း၊စာတိုက်မှသော်လည်းကောင်း လာရောက်လျှောက်ထားသောလျှောက်လွှာပေါင်း (၂၉) စောင်ကို လက်ခံရရှိခဲ့ပါသည်။ထိုလျှောက်ထားသူများထဲမှ အသက်အရွယ်၊အရပ်အမောင်း၊ ရုပ်ရည်ဆင်တူမှု စသည်တို့အပေါ်မူတည်၍Casting Director ဒါရိုက်တာ ပန်းချီစိုးမိုးနှင့်ဒါရိုက်တာ လူမင်းတို့မှ စိစစ်ရွေးချယ်ခဲ့ရာကိုဥက္ကာကျော် တစ်ဦးတည်းကိုသာ ရွေးချယ်နိုင်ခဲ့ပါသည်။

Photo Credit:Okkar Kyaw's Facebook Account
Photo Credit:Okkar Kyaw's Facebook Account
Photo Credit:Okkar Kyaw's Facebook Account

သို့ဖြစ်ပါ၍ ကိုဥက္ကာကျော် အား ပထမဆင့်အနေဖြင့်ဂုဏ်ယူစွာ ရွေးချယ်လိုက်ပါသည်။ဒုတိယအဆင့်အနေဖြင့် လူတွေ့စစ်ဆေးခြင်း၊သရုပ်ဆောင်မှုစစ်ဆေးခြင်း၊Character Make-up Test ပြုလုပ်ခြင်းများကိုမကြာမီရက်ပိုင်းတွင် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။စိတ်ပါဝင်စားစွာ လျှောက်ထားလာသူများအားလုံးကိုအထူးကျေးဇူးတင်ရှိပါသည်။"အောင်ဆန်း" ရုပ်ရှင် သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့"ဆိုပြီး အောင်ဆန်းရုပ်ရှင် page ကမှတဆင့် မျှဝေလာခဲ့တာဖြစ်ပါတယ်။

Photo Credit:Okkar Kyaw's Facebook Account
Photo Credit:Okkar Kyaw's Facebook Account
Photo Credit:အောင်ဆန်းရုပ်ရှင် Facebook Page

Photo Credit:Okkar Kyaw's Facebook Account

Source:အောင်ဆန်းရုပ်ရှင် Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။