အဆိုတော်ရွှေထူးကတော့ တေးသီချင်းတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင်တီး ကိုယ်တိုင်ဆိုပြီး တစ်ဆင့်ခြင်းကြိုးစားလာတဲ့ လူငယ်အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ရွှေထူးရဲ့ သီချင်းတွေကလည်း လူငယ်ပရိတ်သတ်တွေကြားရေပန်းစားပြီး နှစ်ခြိုက်သဘောကျကြလို့ အောင်မြင်မှု့တွေကို ရရှိလာတာဖြစ်ပါတယ်။ရွှေထူးက ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်လာတဲ့ လူတစ်ယောက်ဖြစ်လို့ ပရိတ်သတ်တွေက သူရဲ့အောင်မြင်မှု့ အသိမှတ်ပြုချစ်ခင်ကြတာတွေ့ရပါတယ်။

Photo Credit : Htoo Khant facebook Account
Photo Credit : Htoo Khant facebook Account

ရွှေထူးတို့ ဇနီးမောင်နှံဟာဆိုရင်လည်း တစ်ယောက်လက်ကိုတစ်ယောက်ခိုင်ခိုင်မာမာဆုပ်ကိုင်ထားပြီး ရွှေလက်တွဲလက်ထပ်ထားကြတဲ့ စုံတွဲလေးကတော့ ပရိသတ်တွေအားကျခဲ့ရတဲ့စုံတွဲပဲဖြစ်ပါတယ်။ ရွှေနှစ်ရွှေတို့စုံတွဲကတော့ ရိုဆန်မှုလေးတွေနဲ့ ပရိသတ်တွေအားကျရလောက်အောင် တစ်ယောက်ကို တစ်ယောက်အချစ်တွေပိုနေကြတဲ့ စုံတွဲလေးလည်းဖြစ်ပါတယ်။အတိုက်ခိုက်တွေ အခက်ခဲတွေကြားက သူတို့နှစ်ယောက်ရဲ့ အချစ်စစ်ကို သက်သေပြခဲ့ကြတာလည်းဖြစ်ပါတယ်။

Photo Credit : Htoo Khant facebook Account
Photo Credit : Htoo Khant facebook Account

သူတို့စုံတွဲလေးက ပွဲအခမ်းအနားလေးတွေကို ရှေ့သွားနောက်လိုက်ညီစွာ တက်ရောက်နေကြတာ တွေ့ရပါတယ်။ အလုပ်တွေကိုယ်စီနဲ့ မအားလပ်နေတဲ့ ရွှေရွှေတို့ဇနီးမောင်နှံကတော့ သူတို့ရဲ့နေ့စဉ်လှုပ်ရှားမူပုံလေးတွေကိုဖေ့ဘွတ်အကောင့်မှာ အမြဲဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလောမှာတော့ အရမ်းတွေလှနေတဲ့ ချစ်ဇနီးလေးကို ကြည့်မဝဖြစ်ပြီး အချစ်တွေပိုကာ ဗီဒီယိုလေးရိုက်ကာ သူရဲ့ မိုင်ဒေးလေးမှာ ဖော်ပြထားတာတွေ့ရတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Photo Credit : Htoo Khant facebook Account
Photo Credit : Htoo Khant facebook Account

Source & Photo Credit : Htoo Khant facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။