League Of Legends ဟာဆိုရင် eSports လောကမှာ တော်တော်အောင်မြင်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Mobile Legends ဟာဆိုရင်လဲ Mobile လောကမှာ အောင်မြင်မှုတွေရရှိတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ ဂိမ်းနှစ်ခုလုံးဟာ ကိုယ့်နေရာနဲ့ကိုယ်အောင်မြင်နေတယ်ဆိုပေမယ့် LOL ဟာ ဖုန်းပေါ်မှာ ကစားနိုင်ဖို့အတွက် League Of Legends : Wild Rift ဆိုပြီးထွက်ရှိကာ ယခုအချိန်မှာတော့ Alpha Test ပြီးဆုံခဲ့ပါပြီ။ ဘယ်နေ့မှ Global ထွက်မလဲဆိုတာ မကြေညာသေးပေမယ့် မထွက်ခင်မှာ ဂိမ်းရဲ့ အကြောင်းတွေကိုတော့ ဆော့မယ့်ဆိုသိသင့်တယ်မလား။ လောလောဆယ်ဂိမ်းထဲမှာ Champion အယောက် ၄၀ပါပြီ Top, Mid, Jungle , ADC နဲ့ Support ဆိုပြီး Role ၅မျိုးရှိပါတယ်။ အဲ့ထဲက Mid ကိုအောက်မှာ ဖော်ပြလိုက်ပါတယ်။  

Mid

Mobile Legends ရဲ့ ခုတလော Mid သွားတဲ့ Hero တွေက Mage တို့ Assassin တို့များပါတယ်။ သူတို့အနေနဲ့ ကိုယ့်ဘက်မှာ Hyper ပါရင် Hyper ကို Buff ကူးပေးပြီး ရန်သူတွေကိုနှောင့်ယှက်ပေးရပြီး Damage ရသလောက်ပေးရပါတယ်။ Mid Hero တွေလဲ သူ့အနေအထားနဲ့သူတော့ ကြမ်းနေကြတာပါပဲ။ LOL မှာဆိုရင်တော့ Mid က Hard Carry သဘောပဲပြောရမလား...Mid Fail ရင် အသင်းကသူတွေတော်တော်ကို တိုင်ပတ်ပါတယ်။ 

Mid Champion တွေကလဲ Damage တော်တော်ကိုထွက်ပါတယ်...ဘာလို့လဲဆိုတော့ Mid က Gold နဲ့ Exp ရတာစောပြီး မြန်တာကြောင့် Item တွေထွက်တာမြန်ပါတယ်။ တချို့ Mid တွေက Support Type ဆိုပေမယ့် နေရတဲ့ Role ကြောင့် Item အနေအထားပြောင်းလဲသွားပါတယ်။ အဆင်ပြေပြီဆိုရင်တော့ လမ်းပတ်ပြီး Kill တွေလိုက်ယူရပါတယ်။ Mid Champion တွေကတော့ Ahri, Lux, Annie, Aurelion Sol, Orianna, Fizz, Twisted Fate, Zed, Yasuo,Ziggs နဲ့ Diana တို့ပဲဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Atomic

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။