ပရိတ်သတ်ကြီးရေ.... Beauty bloggerတစ်ယောက်အနေနဲ့ ပရိတ်သတ်တွေစတင်သိရှိလာခဲ့ပြီး အောင်မြင်လာတဲ့ နေခြည်ဦးကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ social influencerတစ်ယောက်အနေနဲ့လည်း အောင်မြင်နေတဲ့သူဖြစ်တဲ့အပြင် အနုပညာလမ်းကြောင်းပေါ်ကိုလည်း ရောက်ရှိလာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ နေခြည်ဦးဟာ လတ်တလောမှာဆိုရင်လည်း မင်းသမီးတစ်ယောက်အနေနဲ့ပါ ပရိတ်သတ်တွေရဲ့အချစ်ကိုသိမ်းပိုက်ထားတဲ့သူလေးဖြစ်ပါတယ်။

Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc

နေခြည်ဦးဟာ အနုပညာလမ်းကြောင်းပေါ်ကို ကြော်ငြာလေးတွေကနေတစ်ဆင့် စတင်ရောက်ရှိလာခဲ့ပြီး ရုပ်ရှင်ကားကြီးတွေ၊ဇာတ်လမ်းတွဲတွေထိပါ ရိုက်ကူးအောင်မြင်လာခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ‌ဒါ့ပြင်နေခြည်ဟာ မိသားစုကိုလည်းအချိန်ပေးပြီး ပျော်ပျော်နေတတ်တဲ့သူလေးဖြစ်တဲ့အပြင် ညီမဖြစ်သူ စိမ်းလဲ့ရတနာဟာလည်း အခုဆိုရင်ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိနေပြီပဲ ဖြစ်ပါတယ်။

Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc

နေခြည်ဦးဟာ စိမ်းလဲ့တင် resortကိုလည်းဖွင့်လှစ်ထားတာဖြစ်ပြီး ချစ်စရာတိရစ္ဆာန်လေးတွေအပြင် adventure gameလေးတွေပါ ဆော့ကစားလို့ရတဲ့ ‌အပန်းဖြေစရာနေရာကောင်းလေးဖြစ်ပါတယ်။ မကြာသေးမီကလည်း နေခြည်ဦးဟာ သူမရဲ့ Facebook my dayလေးမှာ စိမ်းလဲ့တင်မှာမွေးထားတဲ့ ကျားသစ်လေးတွေနဲ့အတူ ဆော့ကစားနေတဲ့ဗီဒီယိုလေးတင်ပေးလာပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc

Source-Nay Chi Oo's Facebook acc

Photo credit-Nay Chi Oo's Facebook acc

Video Credit-Nay Chi Oo's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။