photo credit - Virtus.pro Twitter

Virtus.pro ရဲ့ second dota 2 team တစ်ခုဖြစ်တဲ့ VP.Prodigy ကတော့ ဖွဲ့စည်းထားတာ 2 လကျော်သာရှိသေးပေမယ့် လက်ရှိအချိန်မှာ performance ကောင်းတွေပြသနေတဲ့ အသင်းတစ်သင်းပဲဖြစ်ပါတယ်။

ဖွဲ့စည်းထားတဲ့ နှစ်လကျော်အတွင်းမှာ StayHome Challenge , Gaming World နဲ့ Epic Prime League Season1 တို့မှာ champion ဖြစ်ထားပြီး main အသင်းဖြစ်တဲ့ Virtus.pro ထက်တောင် world ranking အဆင့်တော်တော်ကွာနေတာပဲဖြစ်ပါတယ်။

main အသင်းဖြစ်တဲ့ Virtus.pro ကတော့ gosugamers က ထုတ်ပြန်တဲ့ Dota2 World Ranking teamlist မှာ No.14 နေရာမှာရှိနေပြီး VP.Prodigy ကတော့ no.8 နေရာမှာရှိနေတာပဲဖြစ်ပဲဖြစ်ပါတယ်။

ဒါ့အပြင် VP.Prodigy က players တွေဖြစ်တဲ့ epileptick1d , Save- နဲ့ DM တို့ဟာ လက်ရှိမှာ 10k MMR ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။

epileptick1d ကတော့ လက်ရှိမှာ MMR 10020 ရှိနေပြီး Save- က 10000 MMR နဲ့ DM က 10030 MMR ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။

ဒ့ါအပြင် အသင်းရဲ့ average MMR ကလည်း 9400 ကျော်မှာရှိနေတာပဲဖြစ်ပါတယ်။

လက်ရှိ VP.Prodigy က players တွေကတော့

Po 1- epileptick1d

Po 2- fn

Po 3- DM

Po 4- Save-

Po 5- eine

တို့ပဲဖြစ်ပါတယ်။

source - Virtus.pro twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။