ပရိသတ်ကြီးရေ မော်လ်ဒယ်ရွှေအိမ်စည်ကတော့ ခန္ဓာကိုယ်အချိုးအစား အပြစ်ပြောစရာမရှိအောင် ဆွဲဆောင်မှုရှိလှပပြီး ပုရိသတွေရဲ့ ဝန်းရံအားပေးမှု များစွာကို လက်ခံရရှိထားတဲ့သူပဲဖြစ်ပါတယ်။လက်ရှိမှာတော့ ရွှေအိမ်စည်က ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါသရုပ်ဆောင်လာနေတာကို တွေ့ရပါတယ်။ဒါ့အပြင်ရွှေအိမ်စည်ကတော့ ဖက်ရှင်ရှိုးပွဲတွေမှာလည်း သူမတူတဲ့ ဖက်ရှင်လေးတွေနဲ့ တက်ရောက်နေသူဖြစ်ပြီး ပျိုမဒီလေးတွေ လေးစားအားကျနေရသူပဲဖြစ်ပါတယ်။

Photo Credit - Shwe Eain Si
Photo Credit - Shwe Eain Si

အမာခံပရိသတ်တွေအများအပြားရရှိထားတဲ့ ရွှေအိမ်စည်က အနုပညာအလုပ်တွေကို ဒီထပ်မကအောင်မြင်မှုတွေရရှိအောင် ကြိုးစားပမ်းစားလုပ်ကိုင်နေပြီလည်းဖြစ်ပါတယ်။ရွှေအိမ်စည် ကတော့ လတ်တလော ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလေးမှာ အနုပညာအလုပ်တွေကို ခဏတာရပ်နား ထားခဲ့ရပြီး ချစ်တဲ့ ပရိသတ်တွေနဲ့ ဝေကွာမသွားအောင်လည်း အမြဲလိုလို သူမရဲ့ ပုံရိပ်လေတွေကို ဖော်ပြပေးတာကို တွေ့ရပါတယ်။ ယခုတစ်ခါမှာလည်း မြင်သူတိုင်း ရင်ခုန်စရာကောင်းလောက်တဲ့ အမိုက်စားပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ပြန်ပါနော်...။

Photo Credit - Shwe Eain Si
Photo Credit - Shwe Eain Si

ဒီပုံလေးတွေထဲမှာတော့ အချစ်တော်လေး ရွှေအိမ်စည် ကတော့ ရေကူးကန်ထဲမှာ စွဲမက်စရာကောင်းလောက်အောင် ညို့အားပြင်းပြင်း ဖမ်းစားတဲ့ အမိုက်စားပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် နေကာမျက်မှန်လေးတပ်ပြီး ဆွဲဆောင်မှုရှိတဲ့ အမူရာလေးတွေကိုတော့ ပရိသတ်တွေလည်း ချစ်အားပိုစေမှာ အမှန်ပါနော်...။ ကဲ..ချစ်ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိရှိ ရင်ခုန်စရာကောင်းလောက်တဲ့ ရွှေအိမ်စည် ရဲ့ အမိုက်စား ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Shwe Eain Si

Source - Shwe Eain Si 's facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။