ပရိတ်သတ်ကြီးရေ.....အမြဲအရွယ်တင်နုပျိုနေပြီး ချစ်စရာကောင်းတဲ့မိသားစုလေးကိုပါ ပိုင်ဆိုင်ထားတဲ့နိုင်ငံကျော်အနုပညာရှင်ဆယ်လီများထဲတွင် ခိုင်သင်းကြည်လည်းအပါအဝင်ဖြစ်ပါတယ်။ သူမဟာအနုပညာလောကထဲမှာ နှစ်ပေါင်းအတော်ကြာရပ်တည်အောင်မြင်နေတာဖြစ်ပြီး အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားတဲ့ ဝါရင့်မင်းသမီးချောကြီးတစ်ယောက်ဆိုလည်း မှားမယ်မထင်ပါဘူးနော်။ သူမဟာ အခုလက်ရှိမှာဆိုရင်လည်း ချစ်သမီးလေးရယ် ခင်ပွန်းရယ်နဲ့အတူ ပျော်ရွှင်စရာအိမ်ထောင်တစ်ခုကိုလည်း တည်ထောင်ထားတာပါ။


Photo Credit-Khine Thin Kyi's Facebook acc
Photo Credit-Khine Thin Kyi's Facebook acc

ခိုင်သင်းကြည်ရဲ့သမီးလေးဖြစ်တဲ့ စံထိပ်ထားဦးဟာလည်း အနုပညာအလုပ်တွေကိုစတင်လုပ်ကိုင်နေတာဖြစ်ပြီး တစ်နေ့တခြားပိုပြီးလှလာကာ မေမေခိုင်သင်းကြည်ကိုအမီလိုက်နေတာပါနော်။ ခိုင်သင်းကြည်ဟာ မိသားစုကိုလည်း အချိန်ပေးပြီးဂရုစိုက်တတ်တဲ့သူဖြစ်တာကြောင့်လည်း ပရိတ်သတ်တွေအားကျချစ်ခင်ရတဲ့ မိသားစုလေးဖြစ်နေရတာပါနော်။


Photo Credit-Khine Thin Kyi's Facebook acc
Photo Credit-Khine Thin Kyi's Facebook acc

ခိုင်သင်းကြည်ဟာ သူမတို့မိသားစုပုံရိပ်လေးတွေနဲ့ သူမရဲ့အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေကို ပရိတ်သတ်တွေအတွက် တင်ပေးလေ့ရှိပါတယ်။ မကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာတွင် "ပန်းပွင့်လေးကတော့အဖြူရောင်ပါ"ဆိုတဲ့ captionလေးနဲ့ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကိုတင်ပေးလာပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Photo Credit-Khine Thin Kyi's Facebook acc
Photo Credit-Khine Thin Kyi's Facebook acc

Source-Khine Thin Kyi's Facebook acc

Photo Credit-Khine Thin Kyi's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။