ပရိသတ်ကြီးရေ ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့် အနုပညာအလုပ်ကိုဝါသနာပါတာကြောင့် မင်းသမီးတစ်ယောက်အဖြစ်ရပ်တည်နေတဲ့ ပိုင်ဖြိုးသုကတော့ အရမ်းချစ်တတ်တဲ့ခင်ပွန်းကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ပိုင်ဖြိုးသုတို့ဇနီးမောင်နှံနှစ်ယောက်က အနုပညာအလုပ်တွေလည်း အတူတူတွဲလုပ်ကြပြီး အပြန်အလှန်ကူညီဖေးမကြပါတယ်နော်။

Photo Credit:Aung Kyaw Tun-Visual Design
Photo Credit:Aung Kyaw Tun-Visual Design

ပိုင်ဖြိုးသုက ချစ်စရာကောင်းတဲ့ညီမလေးတစ်ယောက်လည်းရှိပြီး ညီမလေးနိုင်ဖြိုးဉကလည်း ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ပိုင်ဖြိုးသုတို့ ညီအစ်မနှစ်ယောက်က အချင်းချင်း ချစ်ခင်ကြပြီး စည်းလုံးကြတဲ့ ညီအစ်မတွေဖြစ်ပါတယ်။တစ်ခါတစ်လေလည်း ညီအစ်မအချင်းချင်း ဆေးထိုးစနောက်ကြလို့ ပျော်ရွှင်စရာကောင်းပါတယ်နော်။

Photo Credit:Aung Kyaw Tun-Visual Design
Photo Credit:Aung Kyaw Tun-Visual Design
Photo Credit:Aung Kyaw Tun-Visual Design

အခုဆိုရင်တော့ ပိုင်ဖြိုးသုတို့ညီအစ်မနှစ်ယောက်က ချစ်ချစ်ခင်ခင်နဲ့ဓာတ်ပုံတွဲရိုက်ကြပြီး သုသုကတော့ "ကိုယ်ကငယ်ငယ်လေးကတည်းကသူ့ကိုနားလည်အောင်ပြေလည်ရာပြေလည်ကြောင်းရှင်းပြပါတယ်...သူကအဖေနဲ့အမေရဲ့သမီးရင်းမဟုတ်ကြောင်း....သူ့ကိုအမှိုက်ပုံကကောက်ပြီးမွေးစားထားတာဖြစ်ကြောင်း....မယုံတာတော့ကိုယ်လည်းမတတ်နိုင်ဘူးစ်"ဆိုပြီး ပိုင်ဖြိုးသုက စနောက်ပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Aung Kyaw Tun-Visual Design
Photo Credit:Aung Kyaw Tun-Visual Design

Photo Credit:Aung Kyaw Tun-Visual Design

Source:Paing Phyo Thu's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။