သရုပ်ဆောင် မင်းသမီးချောလေး ခင်သဇင်ကတော့ အနုပညာလောကထဲကို ဝင်ရောက်လာတာမကြာသေးပေမယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေများစွာကို ရိုက်ကူးနေရတဲ့ သူလေးပဲ ဖြစ်ပါတယ်။ သူမရဲ့ တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေ ရင်ထဲ နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်တဲ့ သူလေးဆိုရင်လည်း မမှားနိုင်ပါဘူးနော်... ။ ဒါ့အပြင် ခင်သဇင်က ကြော်ငြာတွေနဲ့ photo shooting တွေကို လက်ခံရိုက်ကူးနေရတဲ့ သူလေးပဲဖြစ်ပါတယ်.....။

Photo credit - Khin Thazin's Facebook Account
Photo credit - Khin Thazin's Facebook Account

ဒါ့အပြင် ခင်သဇင်က ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ထားပြီး ပရဟိတလုပ်ငန်းတွေကိုလည်း သူမ တက်နိုင်သလောက် ပါဝင်ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။ သူမက လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့မှန်မှန်သာ လုပ်ဆောင်နေပြီး ပရိသတ်တွေ အလွမ်းပြေစေရန်အတွက် အမိုက်စားပုံလေးတွေကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေတဆင့် မျှဝေပေးလျှက်ရှိနေသူလည်း ဖြစ်ပါတယ်.......။

Photo credit - Khin Thazin's Facebook Account
Photo credit - Khin Thazin's Facebook Account

ယခုမှာလည်း မင်းသမီးချောလေး ခင်သဇင်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ ပိုစ့်တစ်ခုတင်ပေးလါတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ပိုစ့်လေးတွေနဲ့ ဓာတ်ဖမ်းထားပြီး " အဖေလို မေတ္တာမျိုး ပေးနိုင်မှ ဘဝ ထဲဝင်ခဲ့ပါ.." ဆိုပြီး ရေးသားထားတာပါနော်။ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိနဲ့ လှနေတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရင်း အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်....... ။

Photo credit - Khin Thazin's Facebook Account
Photo credit - Khin Thazin's Facebook Account

Source & Photo credit - Khin Thazin's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။