တေးသံရှင်မလေး ဆန်းသစ်လကတော့ အသံချိုချိုလေးနဲ့ သီချင်းကောင်းကောင်းလေးတွေကို နားဝင်ချိုအောင် သီဆိုပြနိုင်သူလေး ဖြစ်ပါတယ် ။ သရုပ်ဆောင်အဖြစ်လည်း အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တဲ့ ဆန်းသစ်လက ယခုအချိန်မှာတော့ ပထမဆုံးရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားနေပြီဖြစ်ပါတယ်။ မိခင်လောင်းလေးဖြစ်တဲ့ ဆန်းသစ်လက မကြာခင်အချိန်မှာပဲ သမီးလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်နိုင်တော့မှာ ဖြစ်ပါတယ် ။

Photo Credit-San Thit La's FB Acc
Photo Credit-San Thit La's FB Acc
Photo Credit-San Thit La's FB Acc

ဆန်းသစ်လကတော့ သူမကိုအရမ်းချစ်တဲ့ချစ်သူကို အိမ်ထောင်ဘက်အဖြစ် ရွေးချယ်နိုင်ခဲ့လို့ ပျော်ရွှင်အေးချမ်းတဲ့ဘဝလေးတစ်ခုကို ရရှိခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင် ဆန်းသစ်လတစ်ယောက် ကိုယ်ဝန်ဆောင်စဥ်အချိန်မှာလည်း စိတ်ချမ်းသာမှုတွေနဲ့အတူ ရင်သွေးလေးအတွက် ရင်ခုန်ပျော်ရွှင်နေတာ ဖြစ်ပါတယ် ။ ကိုယ်ဝန်(၂၈) ပတ်ရှိပြီဖြစ်တဲ့ ဆန်းသစ်လကတော့ အခုလည်း Ultrasound ရိုက်ပြီး သမီးလေးရဲ့မျက်နှာကို ပထမဆုံးမြင်တွေ့လိုက်ရတာ ဖြစ်ပါတယ် ။

Photo Credit-San Thit La's FB Acc
Photo Credit-San Thit La's FB Acc
Photo Credit-San Thit La's FB Acc
Photo Credit-Win Myat's FB Acc

ဆန်းသစ်လက "သမီး​လေးရဲ့မျက်နှာ​လေးမြင်ရပြီအသည်း​တွေယားလိုက်တာဆိုတာ ဖေနဲ့​မေ​တော့ အချစ်​တွေပိုရပြန်ပါပြီသမီး​လေး​ရေ 28weeks_pregnancy"ဆိုပြီး တင်ထားတာ ဖြစ်ပါတယ် ။ ဆန်းသစ်လတို့ဇနီးမောင်နှံကတော့ သမီးလေးရဲ့မျက်နှာကိုမြင်တွေ့ရလို့ အတိုင်းမသိပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ဆန်းသစ်လတို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-San Thit La's FB Acc

Photo Credit-San Thit La's FB Acc
Photo Credit-San Thit La's FB Acc
Photo Credit-San Thit La's FB Acc
Photo Credit-Win Myat's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။