ပရိသတ်ကြီးရေ သူမတူတဲ့ အသံနဲ့ အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကြာ အောင်မြင်မှုများစွာနဲ့ ရပ်တည်ခဲ့ပြီး ပရိသတ်အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူလေးကတော့ အဆိုတော် ဟဲလေးပဲဖြစ်ပါတယ်။ ကိုယ်ပိုင်ရေးသားတေးသီချင်းတွေနဲ့ တစ်ကိုယ်တော် အခွေများစွာထွက်ရှိထားတဲ့ ဟဲလေးရဲ့ သီချင်းတွေက ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ သီချင်းတွေပဲဖြစ်ပါတယ်။ အသားညိုပြီး ယောကျာ်းပီသတဲ့ ဟဲလေးကို မိန်းကလေးပရိသတ်အတော်များများကလည်း အားပေးဝန်းရံနေကြတာပဲဖြစ်ပါတယ်.....။

Photo credit - Naing Lin Aung's Facebook Account
Photo credit - Naing Lin Aung's Facebook Account

ဟဲလေးက လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာလုပ်ဆောင်နေပြီး တေးသီချင်းအသစ်ထွက်ရှိဖို့လည်း ကြိုးစားလုပ်ဆောင်နေတာပါနော်. ။ အဆိုတော် ဟဲလေးက ချစ်စရာကောင်းပြီး ဆက်ဆံရေးကောင်းမွန်တဲ့ ချစ်ဇနီးလေးနဲ့အတူ သာယာပျော်ရွှင်ပြီး လူအများက အားကျရတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတဲ့အပြင် သွက်သွက်လက်လက်နဲ့ ချစ်မွေးပါတဲ့သားသားလေးနှစ်ယောက်လည်း မွေးဖွားထားပါသေးတယ်နော်.....။

Photo credit - Naing Lin Aung's Facebook Account
Photo credit - Naing Lin Aung's Facebook Account

ယနေ့ ဇူလှိုင်လ ၄ရက်နေ့လေးကတော့ အဆိုတော်ဟဲလေးရဲ့ ၃၉နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ကျရောက်တဲ့ မွေးနေ့လေးမှာ ဟဲလေးက လူမှုကွန်ယက် Facebookစာမျက်နှာကနေ သူရဲ့ ပုံလေးနဲ့အတူ " ကျွန်​တော့်အသက်ဒီ​နေ့ ၃၉ပြည့်တယ် မထင်ရဘူး​နော်" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အဆိုတော်ဟဲလေးအတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ကြပါအုန်းနော်...... ။

Photo credit - Naing Lin Aung's Facebook Account
Photo credit - Naing Lin Aung's Facebook Account

Source & Photo credit - Naing Lin Aung's Facebook Account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။