ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားသူတွေကတော့ ပြေတီဦးနဲ့ အူဝဲတို့ ဇနီးမောင်နှံအတွဲလေးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ စိတ်တူကိုယ်တူနဲ့ အနုပညာအလုပ်တွေကိုလည်း အတူတူလုပ်ကိုင်နေတာကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေကိုပါ ရရှိပိုင်ဆိုင်ထားကြတာလည်း ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို တစ်ခဲနက်ရရှိထားပြီး ထိပ်တန်းအနုပညာရှင်တွေအဖြစ် ရပ်တည်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။

Photo Crd- Eaindra kyaw Zin’s Facebook Page
Photo Crd- Pyay Ti Oo and Eaindra Kyaw Zin’s YouTube Channel
Photo Crd- Pyay Ti Oo and Eaindra Kyaw Zin’s YouTube Channel

သူတို့မိသားစုလေးဟာ မကြာသေးခင်ကလည်း ပြင်ဦးလွင်ကို ပျော်ပျော်ပါးပါး အပန်းဖြေခရီး ထွက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ သူတို့မိသားစုလေးသာမကဘဲ မေတိုးခိုင်တို့ သားအမိတွေနဲ့ အူဝဲတို့ယောင်းမ မိသားစုတွေပါ ပါဝင်ကြတာလည်း ဖြစ်တာကြောင့် ဒီခရီးစဉ်လေးဟာ အရမ်းကို ပျော်စရာကောင်းခဲ့တာပါ။ အူဝဲကတော့ ခရီးစဉ်တစ်လျှောက် ပျော်ခဲ့ရတာလေးတွေကို Vlog Video လေး ရိုက်ကူးကာ ပရိသတ်တွေကို ဝေမျှပေးလိုက်ပြန်ပါပြီနော်။

Photo Crd- Pyay Ti Oo and Eaindra Kyaw Zin’s YouTube Channel
Photo Crd- Pyay Ti Oo and Eaindra Kyaw Zin’s YouTube Channel
Photo Crd- Pyay Ti Oo and Eaindra Kyaw Zin’s YouTube Channel

ဒီဗီဒီယိုလေးထဲမှာ သူမတို့ ပြင်ဦးလွင်မှာ နေထိုင်ခဲ့စဉ်တစ်လျှောက်လုံး သွားရောက်လည်ပတ်ခဲ့တဲ့ နေရာတွေကို ပရိသတ်တွေကြည့်ရှုပြီး ပျော်ရွှင်ကြည်နူးနိုင်အောင် ရိုက်ကူးတင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။ စပျစ်ခြံကြီးထဲမှာလည်း မိသားစုတွေ ပျော်ပျော်ပါးပါး လတ်လတ်ဆတ်ဆတ်စပျစ်သီးတွေကို ကိုယ်တိုင်ခူးဆွတ်နေကြတာဟာလည်း မြင်ရသူတိုင်းကို အပျော်တွေကူးစက်စေမှာဖြစ်တာကြောင့် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Pyay Ti Oo and Eaindra Kyaw Zin’s YouTube and Eaindra Kyaw Zin’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။