ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေးနေခြည်ဦးကတော့ Beauty Blogger တစ်ယောက်ကနေ ယခုဆိုရင် ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေကာ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ ယခုမှာဆိုရင်တော့ အချစ်တော်လေး နေခြည်ဦး က ပရိသတ်တွေအတွက် သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ဖော်ပြလာခဲ့ပြန်ပါပြီးနော်...။ ဒီပုံလေးတွေထဲမှာတော့ နေခြည်ဦး က လွတ်လပ်ပေါ့ပါးတဲ့ ဂါဝန်လေးကိုဝတ်ကာ ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းနေတဲ့ အမူရာလေးတွေနဲ့ ဖမ်းစားထားတာဖြစ်ပါတယ်။

Photo Credit - beautybynaychi
Photo Credit - beautybynaychi

ဒါ့အပြင် ဒီပုံလေးတွေနဲ့လည်း နေခြည်ဦး က"Covid ကြီးပြီးသွားရင်ငါတို့ဘယ်သွားကြမလဲလို့ နေခြည်တို့ သူငယ်ချင်းအချင်းချင်း တိုင်ပင်ဖြစ်တယ်....တကယ်တော့ Covid19 virus ဟာနေခြည်တို့ ကမ္ဘာမြေကြီးကနေ လုံးလုံး ပျောက်ကွယ်သွားဖို့ဆိုတာ မသေချာတော့ပါဘူး။ လူတွေအပေါ် အန္တရာယ်မပြုနိုင်တော့တဲ့အချိန်ရောက်လာဖို့အတွက်ကတော့ ကာကွယ်ဆေးတွေ နိုင်ငံတကာမှာ လူသားစေ့ ရရှိပြီးနိုင်ခဲ့အခါမှဘဲ စိတ်ကြီးအေးရမှာပါ.....ဒါကြောင့် newnormal မှာပြင်ဆင်ထားပြီးသား ကျန်းမာရေး precautions တွေကိုလဲ ဆက်လက်ထိန်းသိမ်းလုပ်ဆောင်သွားရမယ်...

Photo Credit - beautybynaychi
Photo Credit - beautybynaychi

ခုခံအားကောင်းနေဖို့ကိုလဲ အစားအသောက်နဲ့ရော အားကစားလိုက်စားတာရော အတတ်နိုင်ဆုံး လုပ်ဆောင်ရမယ်။ ဘယ်လေးသွားသွား ဘယ်သူတွေနဲ့ဘဲတွေ့တွေ့ ငါတို့ရှုရှိုက်နေရတဲ့ လေထုကြီးက အရင်လို safe မဖြစ်တော့ပါလားဆိုတဲ့စိတ်ကလေးဝင်ပြီး အမြဲသတိရှိရှိနဲ့ အပြင်သွားရင်လက်ဆေးဖို့ လူများတဲ့နေရာတွေဆို mask တပ်ဖို့ တွေလုပ်ဆောင်ကြမယ်ဆို သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါမှာလဲ တစ်ဦးနဲ့တစ်ဦး ကာကွယ်ပြီးသားဖြစ်တာပေါ့ " ဆိုပြီး ပရိသတ်တွေကို ကျန်းမာရေးအတွက်လည်း ဂရုစိုက်ဖို့ မှာကြားထားပါသေးတယ်။

Photo Credit - beautybynaychi
Photo Credit - beautybynaychi

Photo Credit - beautybynaychi

Source -beautybynaychi's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။