သရုပ်ဆောင်လောကမှာ ကာရိုက်တာမျိုးစုံမှ ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူကတော့ သရုပ်ဆောင် ကိုပေါက်ပဲ ဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်လောကမှတစ်ဆင့် ဒါရိုက်တာဘက်ကို ကူးပြောင်းရာမှာလည်း အောင်မြင်မှုတွေများစွာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ယနေ့ချိန်မှာတော့ အောင်မြင်တဲ့ ဒါရိုက်တာတစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။

Photo Crd- Aung Min Naing’s Facebook Account
Photo Crd- Aung Min Naing’s Facebook Account
Photo Crd- Aung Min Naing’s Facebook Account

သူဟာ Stay Home ကာလအတွင်းမှာ ပရိသတ်တွေကို ပျော်စေချင်တဲ့ စေတနာနဲ့ Tik Tok လေးတွေ ရိုက်ကူးကာ အမြဲတင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးကလည်း သူ့ရဲ့ ဗီဒီယိုလေးတွေကို တစ်ခဲနက် အားပေးကြတာလည်း တွေ့ရပါတယ်နော်။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အမြဲဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။

Photo Crd- Aung Min Naing’s Facebook Account
Photo Crd- Aung Min Naing’s Facebook Account
Photo Crd- Aung Min Naing’s Facebook Account

အခုမှာလည်း ပရိသတ်တွေအတွက် ပုံလေးတွေနဲ့ ဗီဒီယိုလေးတွေ တင်ပေးထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သူပိုင်ဆိုင်တဲ့ ကျယ်ဝန်းတဲ့ခြံကျယ်ကြီးထဲမှာ ဂျင်းပင်စိုက်ပျိုးရန်ကွင်းဆင်းလေ့လာနေကြတဲ့ ကိုပေါက်တို့ဇနီးမောင်နှံရဲ့ Video လေးပဲ ဖြစ်ပါတယ်။ " ပြင်ဦးလွင်ခြံထဲ ဂျင်းစိုက်ဖို့

ပြင်ဆင်ခြင်း အနုပညာ။ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Aung Min Naing’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။