မင်းသမီးချောလေးဘေဘီမောင်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်တဲ့ သူမကတော့ ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ဘေဘီမောင်ကတော့ မြန်မာဝတ်စုံလေးတွေကို ဝတ်ဆင်လေ့ရှိသူလေးပဲဖြစ်ပါတယ်။ 

Photo Credit - Thar Gan's FB Account
Photo Credit - Thar Gan's FB Account

ဘေဘီမောင်နဲ့ သားဂန်းတို့ကတော့ ပျော်ရွှင်ကြည်နူးစရာကောင်းလွန်းတဲ့ ချစ်သူဘဝလေးကို တည်ဆောက်ထားနိုင်ပြီး နားလည်မှုအပြည့်နဲ့ ရှေ့ဆက်နေကြတဲ့ ပြည်သူချစ်အနုပညာရှင်စုံတွဲလေးပဲဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားပြီး မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိတဲ့ သူမကတော့ ယခုမှာ ချစ်သူသားဂန်းကိုယ်တိုင်ရိုက်ပေးပြီး စပျစ်ခြံထဲမှာလျှောက်လည်ရင်းပျော်ရွှင်နေခဲ့တဲ့ ပုံရိပ်လေးတွေကို ချပြလာခဲ့ပါတယ်။ 

Photo credit - Baby Maung's fb account
Photo credit - Baby Maung's fb account

သူမကတော့ " ရူတင် နားတုန်း စပျစ်ခြံသို့ လည်လည်သွားကိုယ့်ပါကိုယ်ခူးပြီးဝယ်ရတာလောက်ပျော်စရာကောင်းတာမရှိဘူး ဟီး "ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ယက်မျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးဘေဘီမောင်ရဲ့ စပျစ်ခြံထဲမှာ လျှောက်လည်းရင်း ပျော်ရွှင်နေခဲ့တဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။ 

Source  - Baby Maung's fb account

Photo credit - Baby Maung's fb account
Photo credit - Baby Maung's fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။