အနုပညာအလုပ်တွေကို ဆယ်စုနှစ်ကျော်တိုင်အောင်လုပ်ကိုင်လာခဲ့ပြီး ယနေ့ထက်ထိ အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချော စမိုင်းလ်ပဲ ဖြစ်ပါတယ်။ သူမဟာ မိသားစုကို အချိန်ပြည့် ဂရုစိုက်ရုံသာမကပဲ အနုပညာအလုပ်တွေကို အားလပ်ချိန်များတွင် လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်ခင်ပွန်းရဲ့ အချိန်ပြည့် လိုလေသေးမရှိအောင် ပြုစုယုယမှုတွေကြောင့်လည်း ကြည်နူးပျော်ရွှင်နေရတာပါ.......။

Photo credit - Smile စမိုင်းလ် ဖေ့ဘွတ်
Photo credit - Smile စမိုင်းလ် ဖေ့ဘွတ်

သူမတို့မိသားစုလေးဟာလည်း မကြာခဏခရီးထွက်လေ့ရှိပြီး ခရီးသွားပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေ ပရိသတ်တွေဆီကို ဝေမျှလေ့ရှိတာပါ။ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး အလှူတွေကိုလည်း မကြာခဏဆိုသလို ပြုလုပ်လေ့ရှိတာကြောင့် သူမရဲ့ စိတ်ထားလေးကို အားလုံးက ချစ်နေရတာပါ။ ယနေ့မှာတော့ ပြည်သူချစ်အနုပညာရှင် စမိုင်းလ်က လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာ ပိုစ့်တစ်ခု တင်ပေးလါတာပဲ ဖြစ်ပါတယ်.....။

Photo credit - Smile စမိုင်းလ် ဖေ့ဘွတ်
Photo credit - Smile စမိုင်းလ် ဖေ့ဘွတ်

စမိုင်းလ်က ယနေ့ ဝါဆိုလပြည့်နေ့လေးမှာ အိမ်က ဘုရားကို ဆွမ်းကပ်ပူဇော်နေပြီး " ယနေ့ပထမဝါဆိုလပြည့်နေ့တွင် မြတ်စွာဘုရားအား ဓါတ်ကြီးလေးပါးဆွမ်း ယာဂုဆွမ်း များဖြင့်ဆက်ကပ်ပြီး ပရွတ်ပဌာန်းများဖြင့်ရှစ်ခိုးပူဇော်ပါ၏ဘုရား " ဆိုတဲ့ စာသားလေးကို ရေးသားထားတာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်... ။ စမိုင်းလ်ရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖိူ့မမေ့လိုက်ပါနဲ့အုန်းနော်...... ။

Photo credit - Smile စမိုင်းလ် ဖေ့ဘွတ်
Photo credit - Smile စမိုင်းလ် ဖေ့ဘွတ်

Source & Photo credit - Smile စမိုင်းလ် ဖေ့ဘွတ် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။