ပရိသတ်ကြီးရေ ဂီတလောကမှာ အောင်မြင်မှုတွေကို ရယူသိမ်းပိုက်ပြီး အကောင်းဆုံး လျှောက်လှမ်းလာသူကတော့ စန္ဒီမြင့်လွင် ပဲဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ကတော့ လတ်ရှိမှာ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းလောက်တဲ့ သမီးလေးတစ်နဲ့ အတူ ပျော်ရွှင်စရာ မိသားစု ဘဝလေး ရရှိထားတာပဲဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ရဲ့သမီးလေးကလည်း သူမနဲ့ တစ်နေ့တစ်ခြားပိုပြီး ရုပ်ချင်းတစ်ထေရာတည်းတူပြီး အရမ်းကိုချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေကလည်း ချစ်အားပိုနေရတာပဲဖြစ်ပါတယ်။

Photo & Video Credit - Sandy Myint Lwin & Heart
Photo & Video Credit - Sandy Myint Lwin & Heart

ချစ်စရာကောင်းတဲ့ သမီးလေးရဲ့ နာမည်လေးကို Treasure လို့ပေးထားတာဖြစ်ပြီး ယခုဆိုရင်တော့ အသက် တစ်နှစ်ပြည့်ဖို့ ရက်ပိုင်းမှျှသာလိုပါတော့တယ်နော်...။ သမီးလေး Treasure က တစ်နေ့တခြားဆိုသလို ပါးဖောင်းဖောင်းလေးတွေနဲ့ အူယားစရာကောင်းလို့နေတာ ဖြစ်ပါတယ် ။ မေမေ စန္ဒီမြင့်လွင်ကတော့ ပရိသတ်တွေရဲ့အချစ်ကိုပါ ရရှိထားတဲ့ သမီးလေး Treasure ရဲ့လှုပ်ရှားမှုလေးတွေကိုလည်း အမြဲတမ်းမျှဝေပေးနေတာကိုလည်း တွေ့ရပါတယ်။

Photo & Video Credit - Sandy Myint Lwin & Heart

ယခုတစ်ခါမှာလည်း သမီးလေးTreasure နဲ့ အတူ မေမေ စန္ဒီမြင့်လွင် ကတော့ ချစ်ပရိသတ် နဲ့ တရင်းတနှီး စကားတွေပြောရင်း သမီးလေးရဲ့ နေ့စဉ်နေထိုင်မှု နဲ့ ကျန်းမာရေး အကြောင်းလေးတွေကို ပြန်လည်မျှဝေထား Live လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း မေမေစန္ဒီမြင့်လွင် ကို ချစ်သလို သမီးလေးTreasure ကိုလည်း အရင်ကထပ် ပိုပို ချစ်ပေးပါဦးနော်...။ ကဲ...ချစ်ပရိသတ်ရေ အသည်းယားစရာကောင်းလောက်တဲ့ သမီးလေး Treasure နဲ့ အတူ မေမေ စန္ဒီမြင့်လွင် ရဲ့ ဗီဒီယို လေးကို ပြန်လည်ကြည့်ရှုလို့ရအောင် ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - Sandy Myint Lwin & Heart

Source - Sandy Myint Lwin's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။