သရုပ်ဆောင် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ ရုပ်ရည်လေးက ချောမောလှပရုံသာမက အသံလေးကလည်း သာယာချိုမြနေတာ ဖြစ်ပါတယ် ။ နန်းမြတ်ကသရုပ်ဆောင်အဖြစ် ဇာတ်ကားတွေရိုက်ကူးခဲ့သလို အဆိုတော်အဖြစ်လည်း တေးသီချင်းတွေ အများအပြား သီဆိုခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ နန်းမြတ်က အိမ်ထောင်ကျပြီး သားလေးတစ်ယောက်တောင် ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ် ။ 

Photo Credit -Nan Myat Phyo Thin's FB Page
Photo Credit -Nan Myat Phyo Thin's FB Page
Photo Credit -Nan Myat Phyo Thin's FB Page

ကလေးတစ်ယောက်အမေဖြစ်သွားတဲ့ နန်းမြတ်ကတော့ သားလေးကိုပြုစုစောင့်ရှောက်ရင်း သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကို တည်ဆောက်နေတာ ဖြစ်ပါတယ် ။ နန်းမြတ်ရဲ့သားလေးက အခုဆိုရင် အသက်တစ်နှစ်ကျော်အရွယ်ရှိနေပြီဖြစ်ပြီး အရမ်းကို ချစ်စရာကောင်းလို့နေတာ ဖြစ်ပါတယ် ။ အခုလည်း နန်းမြတ်က သားလေးနဲ့အတူ မိသားစုလိုက် အလှူသွားပြုရင်း စန္ဒီမြင့်လွင်တို့မိသားစုနဲ့ အမှတ်တရဗီဒီယိုလေးကို မျှဝေထားတာ ဖြစ်ပါတယ် ။

Photo Credit -Nan Myat Phyo Thin's FB Page
Photo Credit -Nan Myat Phyo Thin's FB Page
Photo Credit -Nan Myat Phyo Thin's FB Page

နန်းမြတ်က " နန်းမြတ်ရဲ့Vlog3လေးကိုတော့JackJack ရဲ့videoလေးတင်ပေးထားပါတယ် ဂျက်စကီးလေးကိုကြည့်ကြည့်နော်"ဆိုပြီးတင်ပေးထားတာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးမှာ နန်းမြတ်နဲ့ စန္ဒီမြင့်လွင်တို့က အတူတူ အလှူသွားလုပ်ကြရင်း သားလေးနဲ့သမီးလေးကို တွေ့ပေးကာ စနောက်ပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့သားသားလေးနဲ့ နန်းမြတ်ဖြိုးသင်းတို့မိသားစုရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit -Nan Myat Phyo Thin's FB Page

Photo Credit -Nan Myat Phyo Thin's FB Page
Photo Credit -Nan Myat Phyo Thin's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။