ပရိသတ်တွေရဲ့ အခိုင်အမာအားပေးမှုတွေကို တစ်ခဲနက်ပိုင်ဆိုင်ထားတဲ့ အဆိုတော်ထူးအယ်လင်းကတော့ ဝါရင့်အဆိုရှင်ကြီးတစ်ယောက်ဖြစ်ပါတယ်နော်။ထူးအယ်လင်းက အသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားလို့ သူဆိုတဲ့သီချင်းတိုင်းကလည်း အရမ်းနားထောင်လို့ကောင်းပါတယ်နော်။ထူးအယ်လင်းရဲ့ သီချင်းဟောင်းတွေကလည်း မရိုးသွားဘဲ ပရိသတ်ရဲ့နားထဲမှာအချိန်တိုင်းဆန်းသစ်နေတာဖြစ်ပါတယ်။

Photo Credit:Htoo El Lynn's Facebook Account
Photo Credit:Htoo El Lynn's Facebook Account
Photo Credit:Htoo El Lynn's Facebook Account

ထူးအယ်လင်းက ချစ်စရာသားသားလေးနှစ်ယောက်ရယ် ချစ်ဇနီးချောလေးရယ်နဲ့အတူ အေးချမ်းတဲ့ဘဝလေးမှာ ပျော်ရွှင်စွာနေထိုင်နေတာဖြစ်ပါတယ်။ထူးအယ်လင်းရဲ့သားလေးနှစ်ယောက်ကလည်း ချစ်မွှေးလေးတွေပါပြီး အရမ်းချစ်ဖို့ကောင်းတဲ့ကလေးလေးတွေဖြစ်ပါတယ်။ထူးအယ်လင်းက သားလေးနှစ်ယောက်ကိုလည်းအရမ်းချစ်ပြီး ဖခင်မေတ္တာအပြည့်အဝပေးတာဖြစ်ပါတယ်။

Photo Credit:Htoo El Lynn's Facebook Account
Photo Credit:Htoo El Lynn's Facebook Account
Photo Credit:Htoo El Lynn's Facebook Account

လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတဲ့ ထူးအယ်လင်းက မိသားစုကိုလည်း အချိန်အပြည့်ပေးတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။အခုဆိုရင်လည်း ထူးအယ်လင်းက မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးအပန်းဖြေနေတာပါနော်။ချစ်ဇနီးလေးကလည်း သူ့ရဲ့ပုခုံးလေးပေါ်မှီထားပြီး ကြည်နူးနေကြတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Htoo El Lynn's Facebook Account
Photo Credit:Htoo El Lynn's Facebook Account
Photo Credit:Htoo El Lynn's Facebook Account

Source&Photo Credit:Htoo El Lynn's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။