ပြည်သူချစ်သရုပ်ဆောင် မင်းသမီးချော ရတနာခင်ကတော့ တစ်ခေတ်တစ်ခါကတည်းက အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ အောင်မြင်ကျော်ကြားခဲ့သူ ဖြစ်ပါတယ် ။ ယနေ့အချိန်အထိတိုင်အောင် ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုကို ရရှိနေဆဲဖြစ်တဲ့ ရတနာခင်က သားသုံးယောက်တိတိ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ ရတနာခင်က ကလေးသုံးယောက်အမေဖြစ်ပေမယ့်လည်း ငယ်ရွယ်နုပျိုတဲ့အလှတရားတွေနဲ့ အရွယ်တင်လှပနေတုန်း ဖြစ်ပါတယ် ။

Photo Credit-Alinn Yaung Photography
Photo Credit-Alinn Yaung Photography
Photo Credit-Yadanar Khin's FB Acc
Photo Credit-Yadanar Khin's FB Acc

ရတနာခင်ရဲ့သားလေးသုံးယောက်လုံးကလည်း ဖေဖေနဲ့မေမေလိုပဲ အချောလေးတွေဖြစ်ကြပါတယ် ။ ရတနာခင်ကတော့ ချစ်ခင်ပွန်းအပါအဝင် သူမချစ်ရတဲ့သားလေးသုံးယောက်နဲ့အတူ အများကအားကျရတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ် ။ သားလေးတွေကို အရမ်းချစ်တဲ့ရတနာခင်က အခုလည်း အကြီးဆုံးသားလေးအတွက် မွေးနေ့ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Yadanar Khin's FB Acc
Photo Credit-Yadanar Khin's FB Acc
Photo Credit-Yadanar Khin's FB Acc
Photo Credit-Yadanar Khin's FB Acc

ရတနာခင်က " Happy Birthday Zwe Oo Htet ၁၄ နှစ်ပြည့်သွားပြီနော် မာမားစိတ်ထဲမှာတော့ ကလေးလေးဘဲ ရှိသေးတယ် ချစ်လို့မဝသေးဘူး၊ နမ်းလို့ မဝသေးဘူး၊သားကြီး ဘဝတလျှောက်လုံး ကိုယ်စိတ်၂ ပါးကျန်းမာချမ်းသာပါစေ ၊ သူတော်ကောင်းများနှင့်သာ ဆုံတွေ့ပြီး သူယုတ်မာတို့၏ရန်မှကင်းဝေးပါစေ ၊ အစ်ကိုကြီးအဖအရာ ဆိုတဲ့အတိုင်း မိသားစုမှာသားအကြီးဆုံးမို့လို့ အရာရာကိုဦးဆောင်နိုင်တဲ့သူ, ကာကွယ်စောင့်ရှောက်နိုင်တဲ့သူဖြစ်ပါစေ "ဆိုပြီး ဆုမွန်ကောင်းတောင်းပေးထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ရတနာခင်တို့သားအမိရဲ့ချစ်စရာပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Yadanar Khin's FB Acc

Photo Credit-Yadanar Khin's FB Acc
Photo Credit-Yadanar Khin's FB Acc
Photo Credit-Yadanar Khin's FB Acc
Photo Credit-Yadanar Khin's FB Acc
Photo Credit-Yadanar Khin's FB Acc
Photo Credit-Yadanar Khin's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။