စန္ဒီမြင့်လွင်တို့မိသားစုလေးကတော့ သမီးလေး Treasure ကြောင့် စိုစိုပြေပြေနဲ့ပျော်ရွှင်စရာကောင်းလှပါတယ်နော်။Treasureလေးက မကြာခင်မှာ (၁)နှစ်ပြည့်တော့မှာဖြစ်ပြီး အရမ်းလည်းတတ်လာပါတယ်။မေမေဒီဒီးကလည်း သမီးလေး ကျန်းကျန်းမာမာနဲ့ ဉာဏ်ကောင်းထက်မြက်စွာ ကြီးပြင်းလာဖို့ အချိန်တိုင်းဂရုတစိုက်နဲ့ပြုစုပေးနေတာပါနော်။
Treasureလေးက အခုအရွယ်လေးနဲ့တင် လူချစ်လူခင်လည်းပေါများပြီး ချစ်မွှေးပါတဲ့ ကလေးလေးဖြစ်ပါတယ်။နှုတ်ခမ်းလေးကိုလည်း အသည်းယားစရာကောင်းလောက်အောင် ထော်ပြတတ်နေတာကြောင့် သူ့ရဲ့အမူအရာလေးတွေကို ပရိသတ်တွေက ချစ်မဝဖြစ်နေရတာဖြစ်ပါတယ်နော်။Treasureလေးကတော့ မေမေဒီဒီးရဲ့အလှအပတွေကို အမွေရထားတဲ့ အမေတူသမီးလေးဖြစ်ပါတယ်။
ဒီဒီးတို့ဇနီးမောင်နှံကလည်း သမီးလေးကို အရမ်းချစ်ကြပြီး သမီးလေးအတွက် အမြဲကြိုးစားနေကြတာပါ။အခုဆိုရင်တော့ Treasureလေးက မေမေ့ပေါင်ပေါ်မှာ အိပ်နေရင်း မေမေချစ်မဝဖြစ်အောင် ရယ်ပြနေတာဖြစ်ပါတယ်။ပရိသတ်တွေလည်း ဒီဒီးတို့သားအမိနှစ်ယောက်ပုံလေးကိုကြည့်ပြီး ကြည်နူးရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source:Photo Credit: Thiha Lwin's Instagram account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။