ထိပ်တန်းသရုပ်ဆောင် မင်းသမီးလေးတစ်လက်အဖြစ် ဆယ်စုနှစ်တွေများစွာတိုင်အောင် ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာယူထားသူကတော့ မိုးဟေကိုပဲ ဖြစ်ပါတယ်။ သူမရဲ့ ဖြူစင်တဲ့ စိတ်ထားလေးတွေကြောင့်လည်း ပရိသတ်တွေ အားလုံးက ချစ်ခင်အားပေးနေရတာလည်း ဖြစ်ပါတယ်။ မိုးဟာ အနုပညာဘက်တွင်သာမက စီးပွားရေးလုပ်ငန်းတွေကိုလည်း ဦးစီးဦးဆောင် ပြုလုပ်နေတဲ့ ထက်မြက်တဲ့ အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Crd- Moe Hay Ko’s Facebook Page
Photo Crd- Moe Hay Ko’s Facebook Page
Photo Crd- Moe Hay Ko’s Facebook Page

မိုးရဲ့ အလှတရားတွေဟာလည်း အားလုံးက ငေးမောရလောက်အောင် ကျက်သရေရှိတဲ့ အလှတရားတွေ ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း သူမရဲ့ မွေးနေ့အမှတ်တရအဖြစ် အလှူလေးတွေလည်း ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ မိုးဟာ သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေ အချိန်နဲ့ တစ်ပြေးညီ သိရှိရအောင် အမြဲ ဝေမျှတင်ဆက်ပေးနေတာလည်း ဖြစ်ပါတယ်။

Photo Crd- Moe Hay Ko’s Facebook Page
Photo Crd- Moe Hay Ko’s Facebook Page
Photo Crd- Moe Hay Ko’s Facebook Page

အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ " Stay Home ကာလမှာ အပြင်မထွက်ရလည်း Fashion ကျကျလေးဝတ်ပြီး ဓာတ်ပုံလေးတွေရိုက်ကြည့်နော်။ မိုးဘယ် Outfit လေးနဲ့ အလိုက်ဆုံးဆိုတာလေးကိုရော ပြောပြသွားပေးပါဦး

#MOELifeAndBeauty #ကျွန်မချစ်သော #ရှင်သန်ခြင်းနေ့သစ်များ " ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Moe Hay Ko’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။