ပရိသတ်ကြီးရေ မင်းသားချောလေး ကျော်ထက်ဇော် ကတော့ စမတ်ကျကျနဲ့ တည်ကြည်ခန့်ညားမှုတွေကြောင့် နှုတ်ခမ်းနီမလေးတွေ အပြတ်သတ်ကို ဝန်းရံခံနေရသူလေးပဲဖြစ်ပါတယ်။ ကျော်ထက်ဇော်က ကြော်ငြာ်တွေနဲ့ ရုပ်သံဇာတ်တွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်ရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ ပရိသတ်တွေအားပေးဝန်ရံခြင်းကြောင့် အနုပညာလောကမှာ နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့ပါပြီးနော်...။

Photo Credit - Kyaw Htet Zaw
Photo Credit - Kyaw Htet Zaw

ကျော်ထက်ဇော် ကတော့ စိတ်သဘောထား ပြည့်ဝပြီး သူတစ်ပါးပေါ်မှာ အမြဲကူတက်ကာ အလှူအတန်းတွေကိုလည်း လှူဒါန်းပေးတာတွေလည်း တွေ့ရပါတယ်။ ဒါ့အပြင် သူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ " အချစ်ဖွဲ့လေညင်း " ရုပ်သံဇာတ်လမ်းတွဲလေးကတော့ ထုတ်လွှင်ပြသလို့ပြီးဆုံးသွားပေးမယ့် ကျော်ထက်ဇော် က ပရိသတ်တွေ အလွမ်းပြေအောင် အမှတ်တရပုံလေးတွေကို ဖော်ပြပေးတာရှိပါတယ်။ ယခုတစ်ခါမှာလည်း လွမ်းနေတဲ့ ချစ်ပရိသတ်တွေအတွက် ဓာတ်ဖမ်းထားတဲ့ အမိုက်စား ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Kyaw Htet Zaw
Photo Credit - Kyaw Htet Zaw

ဒီပုံရိပ်လေးတွေထဲမှာတော့ အမိုက်စားဖက်ရှင်ဝတ်စုံကိုဝတ်ဆင်ထားကာ ဆွဲဆောင်မှုရှိတဲ့ တည်ကြည်ခန့်ညားမှုတွေနဲ့ ပရိသတ်တွေ ချစ်အားပိုအောင် ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒီပုံရိပ်လေးတွေနဲ့လည်း ကျော်ထက်ဇော် က " ပန်းလေး အရမ်းလှပါတယ် ဒါပေမယ့် မနမ်းရှိုက်ခဲ့ဘူး မင်းလေးမှ မဟုတ်တာ "ဆိုပြီ ရေးသားထားပါသေးတယ်။ကဲ..ချစ်ပရိသတ်ရေ မင်းသားချောလေး ကျော်ထက်ဇော် ရဲ့ ဆွဲဆောက်မှုရှိရှိ ချစ်စရာကောင်းနေတဲ့ အမိုက်စား ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Kyaw Htet Zaw

Source - Kyaw Htet Zaw's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။