ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး ဖွေးစိန်လေးကတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့် အားလုံးက ချစ်မဝဖြစ်နေရတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ လူတိုင်းအပေါ် ပွင့်လင်းရိုးသားစွာ ဆက်ဆံတတ်တဲ့ ပုံစံလေးတွေကြောင့်လည်း အားလုံးက လေးစားအားကျနေကြတာလည်း ဖြစ်ပါတယ်။ ဖွေးစိန်လေးဟာ မိဘနှစ်ပါးအပေါ်ကိုလည်း သိတတ်တဲ့သမီးအလိမ္မာလေး တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Crd- Phway Phway’s Facebook Page
Photo Crd- Phway Phway’s Facebook Page
Photo Crd- Phway Phway’s Facebook Page

လတ်တလောမှာတော့ ဖွေးဖွေးတစ်ယောက် အနုပညာလှုပ်ရှားမှုတွေမရှိသေးဘဲ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး ခရီးထွက်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဖွေးစိန်တစ်ယောက် ကျန်းမာရေးအတွက်လည်း လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ဖြစ်နေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း ဖွေးဖွေးရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Phway Phway’s Facebook Page
Photo Crd- Phway Phway’s Facebook Page
Photo Crd- Phway Phway’s Facebook Page

ဒါကတော့ ခြေထောက်နှစ်ဖက်ကိုအပေါ်သို့ မြှောက်တင်ကာ ပျော့ပြောင်းလှပတဲ့ခန္ဓာကိုယ်လေးဖြစ်အောင် လေ့ကျင့်ခန်းတွေလုပ်နေတဲ့ ဖွေးစိန်လေးရဲ့ Video လေးပဲ ဖြစ်ပါတယ်။ သူမရဲ့ ဘယ်ဘက်လက်ဟာ လွန်ခဲ့တဲ့ တစ်နှစ်က အက်စီးဒင့် တစ်ခုကြောင့် လက်ကျိုးခဲ့တာပဲဖြစ်ပြီး အခုချိန်မှာတော့ ပြန်သန်လာပြီဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဖွေးစိန်လေးရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Phway Phway’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။