ပရိသတ်ကြီးရေ မင်းသမီးချောလင်းဇာနည်ဇော်တို့ မောင်နှမတွေကတော့ အချင်းချင်းစည်းလုံးကြပြီး ချစ်ခင်ကြတဲ့ မောင်နှမတွေပဲဖြစ်ပါတယ်။မောင်နှမတွေက စီးပွားရေးဆိုလည်း တက်ညီလက်ညီလုပ်ဆောင်ကြပြီး သဘောကောင်းဖော်ရွေတဲ့မိသားစုလေးပါနော်။လင်းဇာနည်ဇော်ကလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

လတ်တလောမှာဆိုရင်တော့ လင်းဇာနည်ဇော်တို့ရဲ့မိခင်က အူမကြီးကင်ဆာဖြစ်လို့ ခွဲစိတ်ဖို့အတွက် ဆေးရုံတက်နေရတာဖြစ်ပါတယ်။သားသမီးတွေကလည်း မိခင်ရဲ့ဘေးမှာ အချိန်ပြည့်နေပေးပြီး စောင့်ရှောက်ပေးနေကြကာ အမြန်ဆုံးသက်သာလာဖို့ဆုတောင်းနေကြတာဖြစ်ပါတယ်။လင်းဇာနည်ဇော်တို့ကိုချစ်တဲ့ပရိသတ်တွေကလည်း သူမတို့နဲ့ထပ်တူဆုတောင်းပေးနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

ဒီနေ့လေးမှာဆိုရင်တော့ ခွဲစိတ်မှုလည်းအောင်မြင်လို့ လင်းဇာနည်ဇော်တို့ရဲ့မိခင်က ဆေးရုံကဆင်းလာရပြီဖြစ်ပါတယ်။လင်းဇာနည်ဇော်ကတော့"ဒီနေ့ဆေးရုံကဆင်းရပါပြီ..ကုသပေးကြသော..ဆရာဝန်/ဆရာဝန်မကြီးများဆရာ/ဆရာမများ ဝန်ထန်းများအားလုံးကို ရင်ထဲကပြောမပြနိုင်အောင်အထူးကျေးဇူးတင်ပါတယ် ရှေ့ဆက်ဖို့အားတွေမွေးမယ် မေမေသာကျန်းမာပေးပါ"ဆိုပြီး မိခင်ရဲ့ဘေးနားမှာ ပြုစုယုယနေတဲ့ပုံလေးကို မျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

Source&Photo Credit:Lin Zarni Zaw's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။