ပရိတ်သတ်ကြီးရေ.....နှင်းဆီလို့လည်းအများစုသိထားကြတဲ့ Mrtv-4ရဲ့ချစ်စရာမင်းသမီးချောလေး ခေးဆက်သွင်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ဇာတ်လမ်းတွဲများနဲ့အနုပညာလောကထဲ စတင်၀င်ရောက်လာခဲ့တာဖြစ်ပြီး "အရိပ်၊နှင်းဆီ" စတဲ့ဇာတ်လမ်းတွဲများနဲ့ အောင်မြင်လာခဲ့ပြီး ပရိတ်သတ်လက်ခံတဲ့မင်းသမီးလေးဖြစ်ပါတယ်။ သူမဟာ ပွင့်ပွင့်လင်းလင်းနဲ့ပျော်ပျော်လည်းနေတတ်တာကြောင့် လူချစ်လူခင်ပေါတဲ့အနုပညာရှင်ဆိုလည်း မမှားပါဘူးနော်။

Photo credit-Khay Sett Thwin's Facebook acc
Photo credit-Khay Sett Thwin's Facebook acc

ခေးဆက်သွင်ဟာ ခန္ဓာကိုယ်နဲ့ပက်သက်ပြီးလည်းဂရုစိုက်လေ့ရှိတာကြောင့် ကျစ်လျစ်သွယ်လျတဲ့ဘော်ဒီလေးကိုလည်း ပိူင်ဆိုင်ထားတာဖြစ်ပါတယ်။ သူမဟာ တစ်နေ့တစ်ခြားပိုပိုလှနေတဲ့ မင်းသမီးလေးဖြစ်ပြီး ဇာတ်ရုပ်လည်းပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် ရုပ်ရှင်ကားကြီးတွေပါရိုက်ကူးနေရတဲ့ သူလေးဖြစ်ပါတယ်။

Photo credit-Khay Sett Thwin's Facebook acc
Photo credit-Khay Sett Thwin's Facebook acc

ခေးဆက်သွင်ဟာ အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်လေ့ရှိသလို သူငယ်ချင်းတွေနဲ့လည်း ပျော်ရွှင်စွာအချိန်ကုန်လေ့ရှိသူပါ။ မကြာသေးမီကလည်း ခေးဆက်သွင်ဟာသူမရဲ့ Facebookစာမျက်နှာတွင် "ဘာဝတ်ဝတ်လှနေဖို့ ပိန်ကြပါစို့" ဆိုတဲ့ captionလေးနဲ့ သူမရဲ့အလှပုံရိပ်လေးတွေတင်ပေးလာပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Khay Sett Thwin's Facebook acc
Photo credit-Khay Sett Thwin's Facebook acc

Source-Khay Sett Thwin's Facebook acc

Photo credit-Khay Sett Thwin's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။