အနုပညာအလုပ်တွေကို ဆယ်စုနှစ်ကျော်တိုင်အောင်လုပ်ကိုင်လာခဲ့ပြီး ယနေ့ထက်ထိ အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားသူကတော့ အဆိုတော် သရုပ်ဆောင် မင်းသမီးချော စမိုင်းလ်ပဲ ဖြစ်ပါတယ်။ သူမဟာ မိသားစုကို အချိန်ပြည့် ဂရုစိုက်ရုံသာမကပဲ အနုပညာအလုပ်တွေကို အားလပ်ချိန်များတွင် လုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ် ။ ဒါ့အပြင် ချစ်ခင်ပွန်းရဲ့ အချိန်ပြည့် လိုလေသေးမရှိအောင် ပြုစုယုယမှုတွေကြောင့်လည်း ကြည်နူးပျော်ရွှင်နေရတာပါ........။

Photo credit - Smile's FB page
Photo credit - Smile's FB page

စမိုင်းလ်က သမီးလေးချောလေး ၂ယောက်ကိုလည်း မွေးဖွားထားပြီး ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးထားတာဖြစ်လို့ အများက အားကျနေကြတာလည်း ဖြစ်ပါတယ်။ မကြာသေးမီက ကျရောက်ခဲ့တဲ့ ၃၆နှစ်ပြည့်မွေးနေ့လေးကိုလည်း အလှူတွေများစွာလုပ်ကာ ဖြတ်သန်းခဲ့တာဖြစ်လို့ ပရိသတ်တွေကလည်း အချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ စမိုင်းလ်က သီလရှင်ဝတ်တော့မှာဖြစ်လို့ ယောကျာ်းဆန်ဆန်ပေါ့ပါးတဲ့ ဆံပင်ပုံစံလေးကို ညှပ်လိုက်တာပဲ ဖြစ်ပါတယ်....... ။

Photo credit - Smile's FB page
Photo credit - Smile's FB page

ယနေ့မှာတော့ စမိုင်းလ်က မိန်းကလေးပရိသတ်တွေကို စနောက်ကာပိုစ့်တစ်ခုတင်ပေးလါတာပဲ ဖြစ်ပါတယ်။ 

ယောကျာ်းလေးဆန်ဆန် ပေါ့ပါးတဲ့ ဆံပင်ပုံစံလေးနဲ့ " ဟိတ် ကောင်မလေး ကော်ရီးကိုချစ်လား" ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေ စမိုင်းလ်ရဲ့ အမိုက်စားပုံလေးတွေကို ကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်... ။

Photo credit - Smile's FB page
Photo credit - Smile's FB page

Source & Photo credit - Smile's FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။