အဖေများနေ ့မှာ အဖေ့အတွက် ဆုတောင်းပေးခဲ့တဲ့ မခိုင်လေး

ပရိသတ်တွေက ချစ်ခင်စွာနဲ ့မခိုင်လေးလို ့ခေါ်ကြတဲ့ သရုပ်ဆောင်ခိုင်သင်းကြည်ဟာ ကျရာဇာတ်ရုပ်မှာ ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်ခဲ့မှုတွေကြောင့်

အကယ်ဒမီရွှေစင်ရုပ်တု ၂ ဆုကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

အခုချိန်မှာ ချစ်ခင်ပွန်း ချစ်သမီးလေးနဲ ့အတူ ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေပြီဖြစ်တဲ့ မခိုင်လေးဟာ သူမကို ပြုစုပျိုးထောင်ပေးခဲ့တဲ့

သူမရဲ ့ဖခင်ဟာ သူမအတွက် hero ဖြစ်ကြောင်းကို အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။

“အဖေ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အသက် ၁၀၀ ကျော်အထိ သမီးတို ့နဲ ့အတူ နေပေးပါ အဖေ။

ကျွေးမွေးပြုစုစောင့်ရှောက် ဆုံးမပေးခဲ့တဲ့ ကျေးဇူးတွေက သမီးတစ်သက်ဆပ်လို ့မကုန်နိုင်ပါဘူး။

သမီးဘဝရဲ ့hero ကအဖေပါ။ သမီးအဖေ ့ကို အရမ်းချစ်ပါတယ်” လို ့မခို်င်လေးက Father’s Day အမှတ်တရ အနေနဲ ့ပြောပြခဲ့တာဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Khine Thin Kyi fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။