ပရိသတ်ကြီးရေ ယုန်လေး ကတော့ ဂီတအနုပညာရှင်တစ်ယောက်ဖြစ်သလို သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာနယ်ပယ်မှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုနဲ့ ရပ်တည်နေထိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ယုန်လေးဟာဆိုရင် အဆိုပိုင်းမှာသာထူးချွန်နေတာမဟုတ်ပဲ သရုပ်ဆောင်ပိုင်းမှာလည်း အောင်မြင်မှုတွေကိုရယူထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာ ပါဝင်သရုပ်ဆောင်လာတာကိုလည်း ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါနော်..။

Photo Credit - Yone Lay
Photo Credit - Yone Lay

ယုန်လေး ကတော့ စိတ်သဘောထား ပြည့်ဝပြီးသူတစ်ပါးပေါ်မှာ အမြဲကူညီတက်ကာ အလှူအတန်းတွေကိုလည်း တက်နိုင်သလောက်ပါဝင်လှူဒါန်းပေးတာကို တွေ့ရပါတယ်။ လတ်ရှိမှာတော့ အနုပညာအလုပ်တွေကို ခဏတာ ရပ်နားထားခဲ့ရပေမယ့် ပရိသတ်တွေနဲ့ ဝေးကွားမသွားအောင် သူ့ရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ဖော်ပြပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာတော့ ပရိသတ်တွေ ကြည်နူးပီတိ ဖြစ်စရာကောင်းလှတဲ့ အလှူပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Yone Lay
Photo Credit - Yone Lay

ဒီပုံလေးတွေကတော့ YGW ပရဟိတ မိဘမဲ့ ကျောင်းကို သွားရောက်လှူဒါန်းခဲ့ အလှူပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ယုန်လေးက "YGW ပရဟိတ မိဘမဲ့ ကျောင်း သို့ ကျွန်တော် . Min Z . A4 ကျော်စွာ နှင့် ဦးအောင်ခိုင်တို့ ကိုလူချော အဖွဲ့ သွားရောက်လှူဒါန်း ခဲ့ပါတယ် ။ ကလေးလေးတွေ နိူ့မုန့်ပျက်နေတဲ့ ဆိုတဲ့အတွက်Lactogen 1 ရော 2 ရော 120 အဟာရ 40 ၊ 777 မှ စာအုပ် ၅၄ ဒါဇင် ၊ လှူဒါန်းငွေ မှ စာအုပ်အကောင်း ဒါဇင် ၃၀၀ ၊ ခဲတံ ဘော်ပင် တို့ လူဒါန်းပြီးကလေးငယ်များကိုပါ စိတ်ခွန်းအား ပေးခဲ့ပါတယ် " ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ ပေါ်မှာရေးသားထားပါသေးတယ်။ ချစ်ပရိသတ်တွေလည်း ယုန်လေး တို့ရဲ့ စုပေါင်းအလှူလေးကို ဆုမွန်းကောင်းလေး တောင်းပေးလိုက်ပါဦးနော်.....။

Photo Credit - Yone Lay
Photo Credit - Yone Lay

Photo Credit - Yone Lay

Source - Yone Lay 's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။