ပရိသတ်ကြီးရေ သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက် ကိုတော့ ပရိသတ်တွေရဲ့ရင်ထဲမှာ နေရာတစ်နေရာကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ကိုပေါက် က အနုပညာလောကကို ဇာတ်ပို့ ၊ ဇာတ်ရံတစ်ယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့ပြီး ပရိသတ်ရဲ့ အားပေးချစ်ခင်မှုကို အပြည့်ရရှိထားတာပဲဖြစ်ပါတယ်။ ကိုပေါက်ကတော့ ယခုဆိုရင်သရုပ်ဆောင်မှုအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေကို များစွာရိုက်ကူးခဲ့ကာ ပရိသတ်တွေအလွန်းကြိုက်နှစ်သက်ခဲ့ရတဲ့ ဇာတ်ကားကောင်းတွေပဲဖြစ်ပါတယ်။

Photo & Video Credit - Aung Min Naing
Photo & Video Credit - Aung Min Naing

လတ်တလောမှာ အနုပညာအလုပ်တွေကို ကပ်ရောဂါကြောင့် ခေတ္တရပ်နားထားကာ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေထိုင်နေတာပဲဖြစ်ပါတယ်။ အနုပညာကိုအလွန်းဝါသနာပါတဲ့ ကိုပေါက်ဟာ ပရိသတ်တွေ ရယ်မော ပျော်ရွှင်စေဖို့အတွက် နေစဉ်အမြဲဆိုသလို ဟာသ ဗီဒီယိုလေးတွေကို ဖော်ပြလေ့လည်းရှိပါတယ်။ယခုတစ်ခါမှာလည်း ကိုပေါက်ကတော့ မန္တလေးသားတွေရဲ့ အကြောင်းလေးတွေကို ဟာသအနေနဲ့ ပြောပြထား ဗီဒီယိုလေးကို တင်ပေးလာခဲ့ပြန်ပါပြီနော်... ။

Photo & Video Credit - Aung Min Naing
Photo & Video Credit - Aung Min Naing

ကိုပေါက် ရဲ့ဒီဗီဒီယိုလေး ကတော့ လတ်ရှိ Onlineပေါ်မှာ အချိန်ခဏလေး အတွင်း ကြည့်ရှုသူများပြားနေတာကိုလည်း တွေ့ရပါတယ်။ ဒီဗီဒီယိုလေး နဲ့လည်း ကိုပေါက် က " ချစ်သူကို ဆိုင်ကယ်နောက်မှာ တင်ပြီး မန္တလေးကနေ ပြင်ဦးလွင် တက်တဲ့ မန္တလေးသားတွေက ဘယ်သူတွေလဲ " ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ရယ်စရာလေးတွေနဲ့ နေ့သစ်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်စေဖို့ ကိုပေါက် ရဲ့ အခွီး ဟာသ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - Aung Min Naing

Source - Aung Min Naing's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။