မကြာသေးခင်ကဘဲ စင်္ကာပူတွင် အိမ်ဖော်အဖြစ် သွားရောက်လုပ်ကိုင်နေသော မြန်မာမိန်းကလေး ၁၈ထပ်မှ ခုန်ကျ သက်သေခဲ့ပါတယ်။ သူ့ရဲ့နောက်ဆုံးခရီးကိုတော့

ညီမလေး ဇင်မာဦး၏ ရုပ်အလောင်းကို ဇွန်လ ၁၈ ရက် တနင်္ဂနွေနေ့ ည ၈ နာရီ ၄၅ အချိန်တွင် စင်ကာပူနိုင်ငံ Mandai Crematorium Hall 1 ၌ မီးသဂြိုလ်ရန် ပြင်ဆင်နေတာကို တွေ့ရတာဖြစ်ပါတယ်။ ဖြစ်ပွားခဲ့တဲ့ အကြောင်းစုံမှာ ၁၈ ထပ်မှ ခုန်ချသေဆုံးသွားသော ညီမလေးဟာ မြန်မာ မိန်းကလေး ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

မြန်မာအိမ်အကူလေးဟာ မိမိကိုုယ်ကိုယ် အဆုံးမစီရင်ခင် စကားပြန်ပြောနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ သူ့ကို ကယ်တင်ဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့တာပါ။

စင်ကာပူ 180 Depot Road ရှိ Interlace Condo တွင် အလုပ်လုပ်နေသော မြန်မာအိမ်အကူလေးတစ်ဦးသည် ဇွန် ၁၂ ရက် ည ၇ နာရီခန့်တွင် ၁၈ လွှာမှ ခုန်ချပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း သတင်းရရှိသည်။

စင်ကာပူ ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ အကယ်၍ တိုက်ပေါ်မှ ခုန်ချခဲ့လျှင် မသေနိုင်အောင်

ပိုက်ကွန်၊ ရေမြှုပ်မွေ့ရာလိုမျိုး အရာတွေ အောက်မှ နေရာအနှံ ခံထားပေမယ့် ညီမလေး ပြုတ်ကျသွားတဲ့ နေရာမှာ ထိုအရာများ ခံထားလို့ မရသောကြောင့် ညီမလေး ကံဆိုးသွာရှာတာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။