ရုပ်ရှင်သရုပ်ဆောင် ထူးခြားကတော့ အမိုက်စားတက်တူးတွေနဲ့ အထာကျနေပြီး ယောက်ျားပီသတဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသူလို့ ဆိုနိုင်ပါတယ်နော်။ အက်ရှင်ဇာတ်ရုပ်တွေကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့ ထူးခြားက ရုပ်ရှင်ဇာတ်ကားကြီးတွေ အများအပြား ရိုက်ကူးခဲ့ရတာလည်း ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ထူးခြားတစ်ယောက် အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးကိုပါ လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Htoo Charr's FB Acc
Photo Credit-Htoo Charr's FB Acc

ထူးခြားက သရုပ်ဆောင်ပွင့်နဒီမောင်နဲ့အတူ ပူးပေါင်းပြီး အရသာရှိတဲ့ဟင်းလျာတွေကို ချက်ပြုတ်ရောင်းချနေတာ ဖြစ်ပါတယ် ။ ထူးခြားနဲ့ ပွင့်နဒီမောင်တို့ရဲ့ဝက်နံရိုးမီးတောက်ကတော့ အရမ်းကိုရောင်းအားကောင်းပြီး အောင်မြင်နေတာလည်း ဖြစ်ပါတယ် ။ အလုပ်ကြိုးစားသလို မိသားစုကိုလည်း ဂရုစိုက်တတ်တဲ့ ထူးခြားက အခုလည်း အမေဖြစ်သူကို မွေးနေ့မှာပျော်ရွှင်အောင် ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Htoo Charr's FB Acc
Photo Credit-Htoo Charr's FB Acc
Photo Credit-Htoo Charr's FB Acc

ထူးခြားက "အမေ့ မွေးနေ့ အပျော်လေးတွေပါ။ မား စိတ်၏ချမ်းသာခြင်းကိုယ်၏ ကျန်းမာခြင်းတွေနဲ့ပြည့်စုံပါစေ။" ဆိုပြီး ပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ် ။ ထူးခြားကတော့ အမေ့အတွက် ငါးထောင်တန်တွေအပြည့်ပါတဲ့ ပိုက်ဆံပန်းစည်းနဲ့အတူ ကိတ်မုန့်လှလှလေးကိုလည်း ပြင်ဆင်ပေးခဲ့တာ ဖြစ်ပါတယ် ။ ပျော်ပျော်ရွှင်ရွှင် မွေးနေ့ပွဲကျင်းပနေကြတဲ့ ထူးခြားတို့မိသားစုရဲ့ပုံလေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Htoo Charr's FB Acc

Photo Credit-Htoo Charr's FB Acc
Photo Credit-Htoo Charr's FB Acc
Photo Credit-Htoo Charr's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။