မော်ဒယ်မလေး စုလှိုင်ဝင်းကတော့ လူငယ်ပရိသတ်တွေကြားမှာ မသိသူမရှိလောက်အောင် ရေပန်းစားအောင်မြင်နေသူလေး ဖြစ်ပါတယ် ။ Cover Dance ဗီဒီယိုလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ စုလှိုင်ဝင်းက ခေတ်ပေါ်အကကို ကျွမ်းကျင်ပိုင်နိုင်စွာကနိုင်တဲ့ Dancer မလေးတစ်ဦးလည်း ဖြစ်ပါတယ် ။ စုလှိုင်ဝင်းက အနုပညာလှုပ်ရှားမှုအနေနဲ့တော့ ကြော်ငြာလေးတွေနဲ့ Photo Shooting လေးတွေ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Su Hlaing Win's FB Acc
Photo Credit-Su Hlaing Win's FB Acc
Photo Credit-Su Hlaing Win's FB Acc

အသားအရေလေးက ဖြူဖွေးဝင်းဥသလို ရုပ်ရည်လေးကလည်း ချောမောလှပနေတဲ့ စုလှိုင်ဝင်းက ကျစ်လစ်သွယ်လျတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် စုလှိုင်ဝင်းက ဆွဲဆောင်မှုရှိတဲ့ကောက်ကြောင်းအလှနဲ့ ပုရိသတွေရဲ့ရင်ကိုလှုပ်ခတ်စေနိုင်တာလည်း ဖြစ်ပါတယ် ။ လတ်တလောမှာတော့ စုလှိုင်ဝင်းတစ်ယောက် ပရိသတ်တွေအတွက် အကဗီဒီယိုလေးတွေကို ဆက်တိုက်ဆိုသလို တင်ဆက်ပေးနေတာ ဖြစ်ပါတယ် ။

Photo Credit-Su Hlaing Win's FB Acc
Photo Credit-Su Hlaing Win's FB Acc & Moe Htet
Photo Credit-Su Hlaing Win's FB Acc

အခုလည်း စုလှိုင်ဝင်းက မြူးကြွတဲ့တီးလုံးလေးအတိုင်း အမိုက်စားကကွက်လေးတွေကို အပီအပြင်ကပြထားတာ ဖြစ်ပါတယ် ။ ညို့အားပြင်းတဲ့အလှပိုင်ရှင်လေး စုလှိုင်ဝင်းကတော့ ခန္ဓာကိုယ်လေးကို စည်းချက်ကျကျလှုပ်ခါရင်း ကပြနေတာကလည်း အသည်းယားစဖွယ်ကောင်းနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် Dancer မလေး စုလှိုင်ဝင်းရဲ့အမိုက်စားအကဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Su Hlaing Win's FB Page

Photo Credit-Su Hlaing Win's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။