ပရိတ်သတ်ကြီးရေ ပန်းနုသွေးဇာတ်လမ်းတွဲနဲ့ စတင်အောင်မြင်လာခဲ့တဲ့ Mrtv-4ရဲ့ချစ်စရာမင်းသမီးချောလေးမေမြင့်မိုရ်ကိုသိကြတယ်မလား။ သူမဟာ မတူညီတဲ့ဇာတ်ရုပ်မျိုးစုံကို အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် Rising Star Awardဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ မေမြင့်မိုရ်ဟာ ယခုဆိုရင်ဇာတ်လမ်းတွဲများသာမက ရုပ်ရှင်ကားကြီးလည်း ရိုက်ကူးအောင်မြင်နေပြီပဲဖြစ်ပါတယ်။

Photo credit-May Myint Mo's Facebook acc
Photo credit-May Myint Mo's Facebook acc

မေမြင့်မိုရ်ပါ၀င်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲအတော်များများဟာလည်း ပရိတ်သတ်အားပေးမှုအပြည့်အ၀ရရှိခဲ့တာပါ။ သူမဟာမိသားစုကိုလည်းအချိန်ပေးပြီး အေးဆေးစွာနေထိုင်တတ်သူတစ်ယောက်ဖြစ်တဲ့အပြင် ပရဟိတအလုပ်တွေကိုလည်းလုပ်ကိုင်လေ့ရှိသူပါ။ မေမြင့်မိုရ်ဟာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့လည်း ပျော်ပျော်နေတတ်တဲ့သူဖြစ်တာကြောင့် အနုပညာရှင်အချင်းချင်းကြားမှာလည်း ကောင်းမွန်တဲ့ relationship ရှိတဲ့သူလေးဖြစ်ပါတယ်။

Photo credit-May Myint Mo's Facebook acc
Photo credit-May Myint Mo's Facebook acc

မေမြင့်မိုရ်ဟာ အခုလတ်တလောမှာဆိုရင်လည်း ကြော်ငြာတွေ၊music videoတွေရိုက်ကူးနေတာဖြစ်ပါတယ်။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာတွင် "နင်ဟာငါ့တစ်ယောက်တည်းအတွက် ငါ့ရဲ့ကိုယ်စောင့်နတ်လို...ကိုဖိုးပြည့်ရဲ့ 'ကိုယ်စောင့်နတ်' သီချင်း Music Video လေးရိုက်" ဆိုတဲ့ captionလေးနဲ့အတူ ရိုက်ကွင်းအမှတ်တရပုံလေးတွေတင်ပေးလာပါတယ်။ ကဲ.....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-May Myint Mo's Facebook acc
Photo credit-May Myint Mo's Facebook acc

Source-May Myint Mo's Facebook acc

Photo credit-May Myint Mo's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။