သာယာကြည်နူးစရာကောင်းတဲ့ အိမ်ထောင်ရေးကို အတူတူ ဖန်တီးတည်ဆောက်ထားသူကတော့ အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုံရတီတို့ ဇနီးမောင်နှံအတွဲလေးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်အောင်ကိုပင် သိပ်ချစ်ကြတဲ့ အတွဲလေးပဲ ဖြစ်ပါတယ်။ အားလုံးကလည်း သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတရားတွေကို ကြည်နူးအားကျနေကြတာလည်း ဖြစ်ပါတယ်။

Photo Crd - Htoo Khant's Facebook Account
Photo Crd - Htoo Khant's Facebook Account
Photo Crd - Htoo Khant's Facebook Account

နှစ်ယောက်အတူတူလည်း ကြော်ငြာလေးတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း အတွဲညီညီ သရုပ်ဆောင်ထားတာလည်း မြင်ရသူတိုင်းကို အချစ်တွေပိုပို တိုးလာစေတာလည်း ဖြစ်ပါတယ်။ တစ်ယောက်လိုအပ်ချက်ကို တစ်ယောက် ဖြည့်ဆည်းပေးကာ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ထားကြတာလည်း ဖြစ်ပါတယ်။ ရွှေထူးကတော့ ဘက်စုံမှာ ထူးချွန်လွန်းတဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားတာကြောင့်လည်း ကြည်နူးပျော်ရွှင်နေရတာပါ။ 

Photo Crd - Htoo Khant's Facebook Account
Photo Crd - Htoo Khant's Facebook Account
Photo Crd - Htoo Khant's Facebook Account

အခုမှာလည်း ရွှေထူးရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မိတ်ကပ်လိမ်းခြယ်နေတဲ့ ချစ်ဇနီးချောလေးကိုကြည့်ကာ အသည်းတွေယားပြီး ဗီဒီယိုလေးရိုက်ထားကာ ချစ်မဝဖြစ်နေတာပဲ ဖြစ်ပါတယ်။ ရွှေရွှေကတော့ အားလပ်တဲ့ အချိန်တိုင်း ချစ်ဇနီးလေးရဲ့ ရှုတင်မှာ အမြဲလိုက်ကာ လိုအပ်တာတွေကို အမြဲ လိုက်ဖြည့်ဆည်းပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ချစ်စရာကောင်းလွန်းတဲ့ ရွှေမှုံရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Htoo Khant's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။