(၁၆.၆.၂၀၁၇) ရက်နေ့ နံနက်ပိုင်းက ငရုပ်ကောင်းမြို့နယ် ပန်းမော်ရွာနှင့် ငန်းချောင်းရွာသို့သွားလမ်းဘေး ခြုံဘုတ် အ တွင်း၌ လွန်ခဲ့သော (၃) ရက်ခန့်က ပန်းမော်ရွာမှ ပျောက်ဆုံး နေသော ဒေါ်ခင်သန်းအား ပုပ်ပွနေလျက်သေဆုံးနေသည့် အနေအထားဖြစ်တွေ့ရှိရပြီး ပျောက်ဆုံးစဉ်က ၄င်းနှင့်အတူ ပါသွားသော ငွေ (၁၀) သိန်း ဆွဲကြိုး ၁ ကုံး လက်စွပ် ၁ ကွ င်းလည်း ပျောက်ဆုံးနေကြောင်းတွေရှိရပါသည်။

ယင်းအမှုအတွက် ငရုပ်ကောင်းရဲစခန်းမှူး ရဲအုပ် ရွှေဇံအောင် မှ ကျေးရွာအတွင်း မသင်္ကာသူများအား စုံစမ်းခဲ့ရာ လွန်ခဲ့ေ သာ (၂) ရက်ခန့်က ငန်းချောင်းကျေးရွာနေ မြင့်မြင့်ခိုင်သည် ရွာမှ ခရီးထွက်သွားကြောင်းနှင့် ပုသိမ်မြို့သို့ ရောက်ရှိေ န ပါက ကူညီစုံစမ်းပေးပါရန် ပုသိမ်မြို့မရဲစခန်းမှ ရဲအုပ် ဇော်မင်းထွန်းထံသို့ ဆက်သွယ်အကြောင်းလာခဲ့သည်။

ထို့အတွက် ရဲအုပ် ဇော်မင်းထွန်းနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ သည် မြင့်မြင့်ခိုင် ဓါတ်ပုံဖြင့် ပုသိမ်မြို့ပေါ်အတွင်းလိုက် လံစုံစမ်းခဲ့ရာ ၁၇.၆.၂၀၁၇ ရက်နေ့ နံနက်ပိုင်းက ဂွမြို့သို့ ထွက်ပြေးရန် ပြင်ဆင်နေသော တရားခံ မြင့်မြင့်ခိုင် ၃၃ နှစ် (ဘ) ဦးချစ်အုန်း ငန်းချောင်းကျေးရွာနေသူအား နှင်းဝေလွင်တည်းခိုခန်းတွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့သည်။

၄င်းမှာ အကြွေးများသောကြောင့် လူသူလစ်သည့်အချိန် အဒေါ်ဖြစ်သူအား ခြုံဘုတ်အတွင်း၌ ဝါးဆစ်ပိုင်းဖြင့် ရိုက်ကာ ၄င်းထံမှ ရွှေထည်များနှင့် ငွေများကိုယူဆောင်ထွက်ပြေးလာခဲ့ကြောင်း ဝန်ခံထွက်ဆိုပြီး သက်ဆိုင်ရာရဲစခန်းမှ လုပ်ထုံး လုပ်နည်းနှင့်အညီ တရားစွဲတင်ပို့သွားမည် ဖြစ်ပါသည်။

ရဲအုပ် ဇော်မင်းထွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။