ဇာတ်ပို့သရုပ်ဆောင်ရဲလေးမကတော့ အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်ရင်း တစ်နိုင်တစ်ပိုင်စီးပွားရေးလေးကိုလည်း လုပ်ကိုင်နေတာဖြစ်ပါတယ်။ရဲလေးမက ဇာတ်ကားတွေထဲမှာဆိုရင် ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်အောင်သရုပ်ဆောင်လို့ ပရိသတ်တွေကလည်းအားပေးကြပြီး သူ့ရဲ့စိတ်နေစိတ်ထားလေးကိုချစ်နေရတာဖြစ်ပါတယ်နော်။ရဲလေးမရောင်းတဲ့မုန့်ဟင်းခါးဟာဆိုရင်လည်း ပရိသတ်တွေတင်မက အနုပညာရှင်တွေပါ ဝိုင်းဝန်းအားပေးကြတာဖြစ်ပါတယ်။

Photo Credit:Ye Lay Ma's Facebook Account
Photo Credit:Ye Lay Ma's Facebook Account

ရဲလေးမက သဘောကောင်းဖော်ရွေပြီး စိတ်ထားကောင်းလို့ လူချစ်လူခင်ကလည်းပေါများပါတယ်နော်။ရောက်လေရာအရပ်မှာ ချို့တဲ့နေတဲ့သူတွေကိုမြင်ရင်လည်း တတ်နိုင်သလောက်လေးကို အမြဲလှူဒါန်းနေတာဖြစ်ပါတယ်။မကြာသေးခင်ကလည်း လမ်းပေါ်မှာတွေ့တဲ့ ကလေးလေးတွေကို မြင်ပြီး တတ်နိုင်သလောက်မုန့်ဖိုးလေးပေးခဲ့တာဖြစ်ပါတယ်။အခုဆိုရင်လည်း ရဲလေးမက မန္တလေးကိုရောက်တုန်းလေး ပီတိဖြစ်စရာကုသိုလ်လေးကိုယူခဲ့ပါတယ်နော်။

Photo Credit:Ye Lay Ma's Facebook Account
Photo Credit:Ye Lay Ma's Facebook Account
Photo Credit:Ye Lay Ma's Facebook Account

ရဲလေးမက"မန္တလေးမြို့(၅၈)လမ်းအောင်ဆန်းလမ်းထောင့်အုတ်ခုံ နေပူပူမှာပန်လေးတွေထိုင်ရောင်းနေရှာတဲ့အမေကြီးပါသနားလို့ဆိုင်ကယ်ရပ်ပြီးရှိတဲ့ပန်းအကုန်ဘယ်လောက်လဲလို့အကုန်ဝယ်မေကြီးသုံးဖို့သက်သက်ကန်တော့ခဲ့ပြီးကုသိုလ်ယူခဲ့ပါတယ်။ဒီအသက်ရွယ်ဟာပုတီးတစ်ကုံးနဲ့ဘုရားစင်အရှေ့နေရမယ့်အရွယ်ပါ နေရမယ့်အရွယ်ပါသနားစိတ်နဲ့မျတ်ရေလည်းကျမိရင်း နောက်လည်းအမေကြီးဆီအမြဲသွားလှုပါ့မယ်မန္တလေးရောက်တိုင်းပေါ့"ဆိုပြီး ကုသိုလ်ယူခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Ye Lay Ma's Facebook Account
Photo Credit:Ye Lay Ma's Facebook Account

Source&Photo Credit:Ye Lay Ma's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။