photo credit - G2 Esports twitter

Europe region က Esports Organization တစ်ခုဖြစ်တဲ့ G2 Esports ကတော့ သူတို့ရဲ့ valorant team နဲ့ ပတ်သတ်တဲ့ roster update တစ်ခုကိုကြေညာခဲ့ပါတယ်။

G2 Esports ကြေညာခဲ့တာကတော့ သူတို့အနေနဲ့ Vitality European Open ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် davidp ကို stand-in player အနေနဲ့ ခေါ်ယူခဲ့တယ်ဆိုတာပဲဖြစ်ပါတယ်။

G2 Esports အနေနဲ့လည်း ပြီးခဲ့တဲ့ 6 လပိုင်းအတွင်းမှာ Valorant team မှာကစားမယ့် players သုံးယောက်ကိုကြေညာခဲ့ပြီး လေးယောက်မြောက် players ဖြစ်တဲ့ ardiis ကိုတော့ ပြီးခဲ့တဲ့ 3 ရက်နေ့ကမှ ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိ G2 Esports ရဲ့ Valorant roster ကတော့

mixwell (captain)

paTiTek

pyth

ardiis

davidp (stand-in)

တို့ပဲဖြစ်ပါတယ်။

source - G2 Esports twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။