သရုပ်ဆောင် မင်းသားချော စိုပြေမြင့်ကတော့ MRTV-4 ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းသလို ပျော်ပျော်နေတတ်ပြီး ဟန်ဆောင်မှုကင်းတဲ့ စိုပြေမြင့်က ဟာသဗီဒီယိုလေးတွေနဲ့လည်း ပရိသတ်တွေရဲ့အားပေးမှုကို ရရှိနေတာ ဖြစ်ပါတယ်။ အခုဆိုရင် စိုပြေမြင့်က သူငယ်ချင်းဖြစ်တဲ့ သွန်းသစ္စာဇော်နဲ့အတူတွဲပြီး အခွီဗီဒီယိုလေးတွေကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။

Photo Credit-So Pyay Myint's FB Acc
Photo Credit-So Pyay Myint's FB Acc
Photo Credit-So Pyay Myint's FB Acc

စိုပြေမြင့်နဲ့ သွန်းသစ္စာဇော်တို့နှစ်ယောက်ကတော့ အနုပညာအလုပ်တွေကို အတူလက်တွဲလုပ်ကိုင်ကြသလို အတူသွား အတူလာလေ့ရှိတဲ့ BFF တွေပဲ ဖြစ်ကြပါတယ်။ သူတို့သူငယ်ချင်းနှစ်ယောက်က "S & T Friendzone" ဆိုတဲ့ Page လေးကိုတည်ထောင်ပြီး ပရိသတ်တွေအတွက် အခွီလေးတွေတင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ အခုလည်း စိုပြေမြင့်နဲ့ သွန်းတို့က အိုင်တင်အပြည့်နဲ့သရုပ်ဆောင်ပြီး ပရိသတ်တွေကို ရယ်မောပျော်ရွှင်ရအောင် ဖန်တီးပေးလိုက်တာ ဖြစ်ပါတယ်။

Photo Credit-So Pyay Myint's FB Acc
Photo Credit-So Pyay Myint's FB Acc
Photo Credit-So Pyay Myint's FB Acc

ဒီဗီဒီယိုလေးမှာတော့ စိုပြေမြင့်က နေမကောင်းလို့အိပ်ရာထဲလဲနေတဲ့ သူငယ်ချင်းသွန်းသစ္စာဇော်ကို စကားတစ်ခွန်းတည်းနဲ့ ချက်ချင်းဆိုသလို နေပြန်ကောင်းသွားအောင်လုပ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ စိုပြေမြင့်ရဲ့စကားကြောင့် သွန်းတစ်ယောက် နေပြန်ကောင်းပြီး တစ်အိမ်လုံးကိုသန့်ရှင်းရေးလုပ်လိုက်ရတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စိုပြေမြင့်နဲ့ သွန်းတို့သူငယ်ချင်းနှစ်ယောက်ရဲ့အခွီဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit- "S & T Friendzone" FB Page

Photo Credit-So Pyay Myint's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။