ပရိတ်သတ်ကြီးရေ.....မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာထူးချွန်တဲ့သူလေးဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ရရှိထားတဲ့သူလေးဖြစ်ပါတယ်။ စိုးပြည့်ဟာ ချစ်စရာကောင်းတဲ့မျက်နှာလေးကိုလည်း ပိုင်ဆိုင်ထားပြီး အစ်မဖြစ်သူ စိုးမြတ်သူဇာ၊စိုးမြတ်နန္ဒာတို့ရဲ့ အလှကိုအမီလိုက်နိုင်တဲ့ မင်းသမီးချောလေးပါ။

Photo credit-Soe Pyae Thazin's Facebook acc
Photo credit-Soe Pyae Thazin's Facebook acc

စိုးပြည့်ဟာ ရိုးရိုးအေးအေးနေထိုင်တတ်သူလေးလည်းဖြစ်ပြီး အိမ်မှုကိစ္စတွေမှာလည်း ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်တဲ့ သူလေးဖြစ်ပါတယ်။ အခုလတ်တလောမှာဆိုရင်လည်း စိုးပြည့်ဟာ ရုပ်ရှင်ကားကြီးတွေ၊ဇာတ်လမ်းတွဲတွေရိုက်ကူးထားတာဖြစ်ပြီး ကြော်ငြာတွေလည်း အဆက်မပြတ်ရိုက်ကူးနေတာဖြစ်ပါတယ်။

Photo credit-Soe Pyae Thazin's Facebook acc
Photo credit-Soe Pyae Thazin's Facebook acc

စိုးပြည့်တို့ညီအစ်မတွေဟာဆိုရင်လည်း မင်းသမီးပိုးထည်တိုက်ကိုဖွင့်လှစ်ထားတာဖြစ်ပြီး အထည်တွေကိုလည်း ညီအစ်မတတွေပျော်ပျော်ရွှင်ရွှင်နဲ့ Liveလွှင့်ပြီးရောင်းချကြတာလည်းဖြစ်ပါတယ်။ မကြာသေးမီကလည်း စိုးပြည့်ဟာ သူမရဲ့Facebookစာမျက်နှာမှာ"စိုးပြည့်နမည်လေးနဲ့Maskလေးချုပ်ပေးတဲ့တီတီပုံ့.(ဒီဇိုင်နာမပုံ့)ကျေးဇူးအများကြီးတင်ပါတယ်ရှင့်" ဆိုတဲ့ captionလေးနဲ့ ပုံလေးတွေတင်ပေးလာပါတယ်။ ကဲ.....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Soe Pyae Thazin's Facebook acc
Photo credit-Soe Pyae Thazin's Facebook acc

Source-Soe Pyae Thazin's Facebook acc

Photo credit-Soe Pyae Thazin's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။